Unicode(28) Coincidental
England နိုင်ငံ TX ကော်ပိုရေးရှင်းရဲ့ CEO ရုံးခန်းအတွင်းမှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့လူနှစ်ယောက်ရှိနေတယ် အစွန်ဆုံးမှာထိုင်နေတဲ့သူက
သူရှေ့ကလူကို မျက်ခုံးပင့်ပြရင်း
"နာမည်ကြီးနေတဲ့ Gulta သူဌေးက ကျွန်တော်တို့TX
ကိုဘာကိစ္စနဲ့များရောက်လာတာလဲမသိဘူး""TX ဆိုတဲ့အတိုင်းအရာရာကိုသိနေတာပဲနော်"
"ဒါဆိုကျွန်တော်လဲရှင်းရှင်းလင်းလင်း ပြောမယ်
ပူးပေါင်းချင်လို့""အဟင်း.... ကျွန်တော်နဲ့ခင်ဗျားရဲ့လုပ်ငန်းကအလွှာကွဲသလားလို့ပါ"
"ရည်ရွယ်ချက်ခြင်းတူနေလို့"
"အိုး...ဘာများလဲ ကျွန်တော်စိတ်ဝင်စားမိလို့"
"Royal ကော်ပိုးရေးရှင်းရှင်းရဲ့ CEO "
"အဟက်....စိတ်ဝင်စားစရာပဲ "
"ဒါပေမဲ့...ဘာလို့ TX လဲ""ရန်သူရဲ့ရန်သူဟာ မိတ်ဆွေတဲ့"
"ငါ့အတွက်အကျိုးအမြတ်ကဘာများလဲ"
"ခင်ဗျားအခုစုံစမ်းနေတာတွေကပြည့်စုံမယ် မထင်ဘူး ကျွန်တော်ကူညီပေးနိုင်တယ်"
"နောက်တစ်ခုက S.H အဘိုးကြီးကိုဖြုတ်ချနိုင်တဲ့
လက်နက်ရှိတယ်""တောင်းဆိုချက် ကရော..."
"ကျွန်တော်ပိုင်တဲ့အရာတွေပဲပြန်လိုချင်တာ"
"......."
"ကောင်မလေးနဲ့ S.H Group""S.H လား မင်းကမဟုတ်မှ.....အဟက်"
အမည်မဖော်နိုင်တဲ့အပြုံးတစ်ခု နှုတ်ခမ်းပါးမှာဖြစ်
တည်လာတယ်
"ဒီအချက်တွေနဲ့ဆိုခင်ဗျားအနေနဲ့ ကိုယ့်ဘာသာကိုဖြေရှင်းနိုင်မှာပါ ဘာလို့ကျွန်တော့်ဆီရောက်လာရတာလဲ ""ဘာလို့လဲဆိုတော့ အပိုအနေနဲ့အဲ့အကောင်အသက်
ကိုလိုချင်လို့လေ ""ကြားထားတဲ့သတင်းတွေနဲ့ကွဲပြားနေသလိုပဲ"
"ဘယ်လိုပြောရမလဲ မျက်နှာဖုံးကွာကျသွားတယ်
ဆိုရမလား....အခုကမှ ရဲထွဋ်ဦး အစစ်အမှန်ပြန်
ရောက်လာတာလေ""ဒါဆိုရင်လဲ ကျွန်တော့်အနေနဲ့ Welcome ပါ"
မတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်ကြတဲ့လူနှစ်ဦး
.................
~ဒေါက်...ဒေါက်~
"ဝင်ခဲ့ကွာ"
"မင်းတို့ကလဲနောက်....ဟမ်....မင်းကဘယ်လို"
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......