Chapter-11(Come back Home)

4.6K 189 1
                                    

Unicode
(11)come back home

Royal စီးပွါးရေးကုမ္ပဏီ၏ CEO ရုံးခန်းအတွင်း
ခဲရောင် suit ဝတ်ထားတဲ့သူနဲ့ အပြာအစင်းဝတ်ထားတဲ့သူတို့ အလုပ်ကိစ္စဆွေးနွေးနေကြတယ်
လက်မှတ်အပြန်အလှန်ထိုးပြီးမတ်တပ်ရပ်လက်ဆွဲ
နှုတ်ဆက်လျက်ရှိနေတယ်

"ကျေးဇူးပါကွာ နောက်မှတွေ့ကြတာပေါ့"

"အေးပါကွာ..ဒါနဲ့ free style နဲ့ဆိုတော့ဘယ်များသွားမလို့လဲကွ"

"ငါ့ညီမနဲ့ကလေး၂ယောက်ကိုသွားကြိုရမယ်လေကွာ..ဘယ်လိုလဲအဆင်ပြေလား"

"ပြေပါတယ်..ဘာလဲဟိုတစ်ခါမင်းပြောတဲ့Japan ကကောင်မလေးလား..မင်းဟာကဟုတ်မှရော
ဟုတ်ရဲ့လား အစကမင်းလိုက်မလို့ဆို ခုကြညီမတဲ့လား ကလေး၂ယောက်ကမင်းကိုငြင်းလွန်းလို့လား"

"အဲ့တာကြောင့်မဟုတ်ဘူးကွ ငါ၁၀ခါတောင်ငြင်းပြီးမှနားလည်သွားတာက အိမ့်လေးက ကလေးတွေအဖေကိုမမေ့သေးတဲ့ပုံပဲကွ သေသွားတာ
တောင်မမေ့နိုင်သေးဘူးလေ ပြီးတော့ကလေးတွေကလဲပုံမှန်ဆိုငါ့ကိုကပ်တယ်ကွာ "
"တစ်ခုပဲသူ့အမေကို ရည်းစားစကားသွားပြောတာနဲ့ ငါ့ကိုမခေါ်ကြတော့ဘူးလေ အဲ့ကစပြီးငါသူ့တို့ကို အကိုတစ်ယောက် အန်ကယ်တစ်ယောက်အဖြစ်ဘဲ
စောင့်ရှောက်ပေးချင်တော့ကွာ ခုဆိုငါ့စိတ်ကဖြူစင်
တယ်ကွ ကလေးတွေကချစ်ဖို့ကောင်းတယ်ကွ"

"Sorry ပဲသူငယ်ချင်း ငါကလေးမချစ်တတ်ဘူး"

"မမြင်ဖူးသေးဘဲနဲ့ကို..နောက်မှခေါ်လာပြမယ်
အော်ဒါနဲ့ မဒီ နဲ့ရောအခြေအနေဘယ်လိုရှိလဲ"
"မလိမ်နဲ့နော် ငါ့ကိုသုတပြောပါတယ် မဒီ ကမင်းကိုပြန်လိုက်နေတယ်ဆို"

"ငါ့အတွက်က သူ့မက အတိတ်ပဲကွ ခုချိန်မှာသူမက
ငါ့ရဲ့မိတ်ဆွေဟောင်းပဲ"
"အဲ့ကောင် သုတကလေ ရဲလုပ်နေလို့ပဲသိလား
အတင်းကတော့ရှယ်ပလန်နဲ့ကိုချတာ ....ငါတစ်နေ့လောက်သူ့ဌာနမှာသွားမွှေပေးအုံးမယ်"

"အေးပါ..ကိုE.T ကြီးရယ်ငါသွားပြီ"
"မင်းအမဆီလဲ နောက်မှလာတော့မယ်"
ပြေးထွက်သွားတဲ့Jackကိုကြည့်ပြီးရှားမှူး ခေါင်းခါမိတယ် Jackရဲ့နာမည်အရင်းက ဂျေအာကာ သူ့မိဘတွေက japan မှာလုပ်ငန်းလုပ်ကြတယ် အသက်၁၇
ထဲကဂျပန်ကိုပြောင်းသွားတာ လွန်ခဲ့တဲ့၇လကမှ
မြန်မာကိုပြန်လာပြီး ပို့ဆောင်ရေး ကုမ္ပဏီ
အသေးစားလေးဖွင့်ထားတယ်လေ ခုလဲလာပြီး
ရင်းနှီးမြုပ်နှံနေပြန်ပြီ
'မင်းကိုတောင်၁၀ခါငြင်းတဲ့ ကလေး၂ယောက်အမေကို ငါလဲတွေ့ဖူးချင်မိတယ်'
---------------

မေ့မရနိုင်သူWhere stories live. Discover now