Chapter-37(Whose children?)

2.6K 109 7
                                    

Unicode
(37)Whose children ?

~ခလွမ်း....ဘုန်း.......ဒုန်း~
"ဘာလို့ သူမကအဲ့မှာရှိနေရတာလဲ..."

"ကျွန်တော်လဲမသိလိုက်ပါဘူး"

"မင်းတို့ဘာအသုံးကျတာရှိလဲ....ဟို့နှစ်ကောင်ကို
မခေါ်လာနိုင်တဲ့အပြင်ကို....သတင်းကိုပါသေသေ
ချာချာမစုံစမ်းနိုင်ဘူး"
"သူမသာတစ်ခုခုဖြစ်လို့ကတော့ မင်းတို့သွားရမဲ့
လမ်းကသေဖို့လမ်းတစ်လမ်းပဲရှိတယ်"
သူ့ရှေ့ကအသုံးမကြတဲ့လူတစ်စုကိုစိတ်ပျက်ဖွယ်
ကြည့်နေမိတယ်။အသုံးမကျတဲ့ကောင်တွေ။

"မင်းလက်ကိုအနောက်မှာသွားကုလိုက်၊ပြီးတာနဲ့
သူမဆေးရုံကိုရှာ"

"ဟုတ်ကဲ့"

"မင်းတို့ ၆ယောက်ကို ဒုတိယအခွင့်အရေးထပ်ပေး
မယ်၊နောက်တစ်ကြိမ်မှားရင်တော့..."
"သွားတော့"
ထိုလူစုထွက်သွားတာနဲ့အခန်းထဲဝင်လာတဲ့လူတစ်
ယောက်

"သူဌေး....ဘာဆက်လုပ်ကြမလဲ"
"ဟိုကလဲ....."

~ဒုန်း....~
"ဆေးရုံကိုအရင်ရှာ၊ဟိုကိုငါအချိန်ဆွဲထားမယ်"
....................
"အသက်ရှူကျပ်သွားတဲ့အပြင်၊Shock ရသွားလို့ပါ၊
မကြာခင်နိုးလာပါလိမ့်မယ်"

"ကျေးဇူး"

"အေး၊ငါသွားပြီ"
ဆေးရုံကုတင်ပေါ်မှာ အသက်မှန်မှန်ရှူနေတဲ့ သူမ
လေးကို ကြည့်နေမိတယ်။ဖြူဖျော့်နေတဲ့မျက်နှာနဲ့
ခရမ်းပုပ်ရောင် အမှတ်အသားကသူမလည်ပင်းမှာ
အထင်းသား၊
'မင်းသာ တစ်ခုခုဖြစ်သွားရင် ကိုယ်ဘယ်လိုလုပ်ရမှာလဲ'

~ဒေါက် ဒေါက်~
"ငရှား၊ခဏ"
အပြင်ကခေါ်သံကြောင့် ဆုပ်ကိုင်ထားတဲ့လက်ကိုချပြီး နဖူးထက်ကိုမြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်တယ်
"ကိုယ်ပြန်လာခဲ့မယ်နော်"

"တစ်ကောင်မှအသက်ရှင်တာမရှိဘူး"

"ကျန်လဲသုံးလို့ရမဲ့ကောင်တွေမဟုတ်လောက်ဘူး"

"အေး၊ ရေလေဘာလေးချိုးစမ်းပါအုံပါ"

"နောက်မှပဲ......သူမကသတိတောင်ပြန်မရသေးဘူး"
စည်သူနဲ့လင်းခန့်လဲ သက်ပြင်းသာချမိတော့တယ်
အပေါ်ကုတ်မရှိတော့ဘဲ အောက်ခံရှပ်အဖြူမှာ
အနီရောင်သွေးကွက်တွေစွန်းနေပြီး ဆံပင်တွေကလဲရှုပ်ရှက်ခက်နေတယ်။မနေ့ကပိုးပိုးမြတ်လဲကျသွား
တုန်းက ရှားမှူးစစ်ရဲ့ပုံစံကိုသူတို့အခုထိမြင်ယောင်
နေသေးတယ်။သူတို့လဲအောက်ကို​ရောက်ရောရှား
မှူးစစ်က တစ်ချက်ထိနေပြီ နောက်တစ်ချက်ပစ်ဖို့
လုပ်နေတဲ့လူကိုသုတက လှမ်းပစ်လိုက်တော့ လက်
ထိပြီး အပေါ်ပြေးတက်သွားတယ်။ဒီကောင်ကတော့
သူ့ဒဏ်ရာကမနာသလိုပဲ ပိုးပိုးမြတ်ဆီပြေးသွားရော
အစကတော့ သွေးတွေထွက်နေတော့ပိုးပိုးမြတ်လဲ
ထိသွားပြီထင်နေတာ ။ဒါပေမဲ့မြင်နေရတဲ့သွေးတွေကလဲကျနေတဲ့လူသတ်သမားဆီကသွေးတွေ
"လင်းခန့် အရေးပေါ်ကိုဆက်"

မေ့မရနိုင်သူWhere stories live. Discover now