Chapter-29(Bloodline)

3.2K 175 9
                                    

Unicode

(29)Bloodline

ခန်းမတစ်ခုအတွင်း စုဝေးနေကြတဲ့လူတွေနဲ့ ဂီတသံ
တွေ အလည်မှာ လူတွေရဲ့အဓိကအာရုံစိုက်မှုကိုရနေတဲ့ဒီနေ့ရဲ့ဇာတ်ကောင်စုံတွဲဟာရှိနေတယ်အမျိုးသား
ဖြစ်သူဟာ သူ့ဘေးနားကအမျိုးသမီးရဲ့ခါးကိုဖက်
ထားပြီး ဧည့်သည်တော်တွေကိုစကားပြောနေလေ
တယ်
ပြုံးပျော်နေတဲ့ထိုသူ့မျက်နှာဟာ ပွဲကြည့်အမျိုးသမီး
တွေအနေနဲ့ သူ့လက်မောင်းထဲကအမျိုးသမီးအပေါ်
မနာလိုမှု ၊အားကျမှုတွေကိုဖြစ်လာစေတယ် အထူး
သဖြင့် ထောင့်တစ်နေရာကနေထိုမြင်ကွင်းကိုကြည့်နေတဲ့ အမျိုးသမီးလေးအတွက်ပေါ့

တကယ်တော့ ပြုံးပျော်နေတဲ့အဓိကဇာတ်ကောင်
မင်းသားလေးဟာ ထိုအမျိုးသမီးလေးရဲ့ အချစ်ဆုံး
လူသား ရှားမှူးစစ်နဲ့ သူ့လက်မောင်းတွေကြားမှုဖက်
ထားခြင်းခံရတဲ့အမျိုးသမီးဟာတော့ ဝင့်မဒီလှိုင်ဆိုတဲ့ သူမအမုန်းဆုံးလူသား ဒီစုံတွဲကိုကြည့်နေတဲ့
ပိုးပိုးမြတ်ဆိုတဲ့မိန်းကလေးရဲ့ ဝမ်းနည်းလို့ကြလာတဲ့မျက်ရည်တွေ ၊ လက်သီးစုပ်ထားတဲ့လက်ထဲက
လက်သည်းကြောင့်ကျဆင်းလာတဲ့ လက်ဖဝါးထဲကသွေးတွေဟာ မြင်နေရတဲ့သူအဖို့ မသက်သာစေနိုင်
တာတော့အမှန်ပဲ

ရှားမှူးစစ်သူမြင်နေရတဲ့ပုံရိပ်က သူ့နှလုံးသားကိုနာကျင်စေလာတယ်။
'ဒါဘာတွေလဲ ...ပိုး...ကဘာလို့ငိုနေရတာလဲ
ငါ...ငါကရောဘာလို့ဒီလို...'

ပြောင်းလဲသွားတဲ့ပုံရိပ်တွေ လှေကားပေါ်တက်သွား
တဲ့ဝင့်မဒီနောက်ကို ခိုးကြောင်ခိုးဝှက်လိုက်သွားတဲ့
သူမလေး ၊ တကယ်တော့သူမြင်နေရတယ် ဝင့်မဒီ
ဆိုတဲ့မိန်းမက သူမလေးပါလာမှန်းသိတယ်ဆိုတာကို
အဲ့မိန်းမဝင်သွားတဲ့အခန်းထဲကိုလိုက်သွားတဲ့သူမ ။

'ခဏနေပါအုံး အဲ့ဒါကသူတည်းနေကြအခန်းမဟုတ်
ဘူးလား'

ပိုးပိုးအခန်းထဲဝင်သွားတော့ ဆိုဖာတစ်ခုမှာထိုင်နေတဲ့မိန်းမ

"ရောက်လာပြီလား ဘာလို့ငါ့နောက်ကလိုက်နေတာလဲ အခုထိအသိတရားမရှိသေးဘူးလား"

"နင်ကမှအသိတရားရှိရမှာလေ ကိုရှားကိုနင်လိမ်နေတာလေ နင်ပြောတော့မဂ်လာပွဲမတိုင်ခင်ပြောပါ့မယ်
ဆို ငါ့ကိုဖမ်းခိုင်းထားတာလဲနင်ပဲမဟုတ်လား ဟမ်..
အခုတော့ညစာစားပွဲတောင်လုပ်လိုက်တယ်ပေါ့
နင့်မှာအရှက်တရားမရှိဘူးဟား"

မေ့မရနိုင်သူWhere stories live. Discover now