Chapter-24(Come Clean)

3.9K 166 17
                                    

Unicode Ver
(24)Come Clean

Mite Ray အမည်ရှိHotal အပေါ်ဆုံးမှာရှိတဲ့ ဟင်းလင်ပြင်မှာ လင်းလက်နေတဲ့အပြင်အဆင်နဲ့ စားပွဲဝိုင်းတစ်ဝိုင်းရှိနေတယ် စတုရန်းပုံစားပွဲခုံပေါ်မှာ
ပြင်သစ်ရဲ့အကောင်းဆုံး Red Wine နဲ့ Mite Ray
ကအကောင်းဆုံး Chef ရဲ့ Steak ဟင်းပွဲကို မျက်နှာ
ချင်းဆိုင်ထိုင်စားနေသူနှစ်ယောက် ရှိနေတယ်

Black Shirt နဲ့ Maroon Suit ကိုဝတ်ဆင်ထားပြီး
Black Leather Shoes ကိုဝတ်ပြီး ထိုင်နေတဲ့အမျိုးသားရဲ့ ပုံစံက တွေ့တဲ့ လူတိုင်းကို ကြောက်ရွံ့မိစေတဲ့ အရှိန်အဝါရှိနေတယ်

အမျိုးသားရဲ့ရှေ့မှာ Maroon Plush Shoulder off Dress ကိုဝတ်ဆင်ထားပြီး ဝိုင်ခွက်ကို လှုပ်သောက်
နေတဲ့အမျိုးသမီးလေးကတော့ မြင်သူတိုင်းကို လည်ပြန် ငေးကြည့်စေနိုင်တဲ့ ဟန်ပန် ရှိနေတယ်

"မင်းဘာတွေ တွေးနေတာလဲ"
ရှားမှူးသူ့ရှေ့မှာ အတွေးလွန်နေတဲ့သူမလေးကြောင့်
နှုတ်ကမေးလိုက်မိတယ်

"အာ.. မဟုတ်ပါဘူးNight Viewကကြည့်လို့ကောင်း
လို့ပါ"
"ဒါနဲ့ဘယ်တော့ ပြန်ကြမှာလဲဟင်"

"ဘာလို့လဲ ဟိုတစ်ယောက်မဟုတ်တော့ မနေချင်
တော့တာလား"
"ကိုယ်ကြားတာတော့ သူက၂၅ မှရုံးပြန်တက်မှာ
တဲ့လေ "

"ကျွန်မပြောပြီးပြီလေ အဲ့တာကိုဦးနဲ့မဆိုင်ပါဘူးလို့
ပြီးတော့ ကျွန်မကနဂိုတည်းက ၁ရက်ပဲခွင့်တိုင်တာပါ သဘက်ခါ ပြန်တက်မယ်ပြောပြီးသားကို"

"တော်တော့ ဒီအကြောင်းမနက်မှပြော ကိုယ်စိတ်မဆိုးချင်ဘူး တစ်ခြားအကြောင်းပြော"

ပိုးလဲသူ့ကို ဘာမှမပြောတော့ပဲ အစားကိုပဲ စိတ်နှစ်
ထားလိုက်တော့တယ်
Omm ဗိုက်တော့တော်တော် တင်းသွားပြီ

"အော်ဒါနဲ့ မနေ့ကတွေ့တဲ့သူတွေက ရှင့်သူငယ်ချင်း
တွေလား"

"မှားတယ်"

"ဟမ်..ဘာကိုလဲ"

"ကို လို့ခေါ်"

"ဟမ်..အဟွတ်..အင်း ကို့ သူငယ်ချင်းတွေလား"

"ဟုတ်တယ် ဆိုပါတော့"

"ဘယ်လိုကြီးလဲ"

"လွန်ခဲ့တဲ့၄နှစ်လောက်က လုပ်ငန်းကူလုပ်ပေးရင်းနဲ့
သိတာလေ သူငယ်ချင်းလဲ ဟုတ်သလို လိုမှပြောတဲ့
ညီအကိုတွေဆိုလဲ ဟုတ်တယ်လေ"
"ဘာလို့မေးတာလဲ"

မေ့မရနိုင်သူWhere stories live. Discover now