Unicode Ver
(13)Father and childMyanmar Plaza ရဲ့ Holy Cake ဆိုင်အတွင်း ရှားမှူးသူ့ရှေ့က ကလေး၂ယောက်ကို ကြည့်နေမိတယ်
လွန်ခဲ့သောမိနစ်၃၀ခန့်က..
ရှားမှူး Myanmar plaza မှာချိန်းထားတဲ့အလုပ်ပြီးသွားလို့ကော်ဖီအေးတစ်ခွက်ဝယ်ပြီး အပြန်လမ်းကိုဦးတည်လိုက်တယ် အကွေ့မှာသူငေးနေတုန်း ပြေးလာတဲ့ကလေးမလေးကိုဝင်တိုက်လိုက်မိတယ် သူလဲကလေးကိုလှမ်းထိန်းလိုက်တော့ လက်ထဲကကော်ဖီ
ခွက်က သူမလေးရဲ့၆လက်မဝက်ဝံရုပ်ပေါ်
မှောက်ကျသွားတယ်လေ
"အ...""ဟိတ်ကောင်မလေး....နာသွားလား ဦးမမြင်လိုက်လို့ပါကွယ်"
"ဒီမှာဦးလေးကြီး လမ်းကိုကြည့်လျှောက်လေ ကလေးတစ်ယောက်လုံးပြေးလာတာကို မရှောင်ဘဲ
ဝင်တိုက်ရလားလို့"ရှားမှူးဘာပြောရမလဲတောင်တွေးနေရတယ် သူမလေးပြေးလာတာကို မရှောင်လို့တဲ့လေ
ရန်တွေ့နေတဲ့ကလေးမလေးကိုကြည့်ရင်း သူ့ကို
နှုတ်ခမ်းချွန်ပြီး ပြန်ပြောတတ်တဲ့သူမလေးကိုသွား
သတိရမိတယ် သူမလေးလဲအလုပ်ဆင်းတာ ၃ရက်
ရှိနေသလို သူလဲသွားသွားစရတာသဘောတွေ့နေ
တယ်လေသူ့ကိုရန်တွေ့ရင်း သူမလေးဘာသာပြန်ထပြီး ဝတ်
ထားတဲ့ဂါဝန်အပြာလေးကိုပြန်ခါနေတယ်လေ
"ဟဟ..အာ တောင်းပန်ပါတယ်ကွာ မင်းလေးကိုမရှောင်လိုက်မိတဲ့အတွက်""အဟင့်အဟင့်...မှူးမှူးအရုပ်လေး..ဟီးဟင့်"
တိုက်မိတာတော့မငိုဘဲ သူ့အရုပ်ကိုမြင်မှငိုနေတဲ့
ကလေးမလေး ရှားမှူးလဲဘာလုပ်ရမလဲတွေးနေတုန်း"မှူးမှူး...အဲ့လိုမပြေးရဘူးပြောနေတယ်လေ"
"ကိုကိုရေ....ဟင့်ဟင့်..မှူးမှူးအရုပ်လေး..ဟင့်..
အဲ့ဦးလေးကြီးကြောင့်.."
သူ့အကိုလို့ထင်ရတဲ့ကောင်လေးကိုဖက်ပြီးသူ့ကို
လက်ညှိုးထိုးပြီးတိုင်နေတဲ့ကောင်မလေး ဟိုကောင်
လေးကလဲသူ့ကိုကြည့်ပြီးတော့"ဦးဦးပြန်ဝယ်ပေးပါ့မယ်ကွယ်..."
"မလိုပါဘူး..ကျွန်တော့်ညီမအမှားလဲမကင်းလောက်
ဘူးထင်တယ်...""ဦးအမှားလဲပါပါတယ်ကွာ...ပြန်ဝယ်ပေးပါ့မယ်"
"တကယ်နော်..တစ်ပုံစံတည်းတူတာပဲလိုချင်တာနော်"

YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......