Chapter-23(Misunderstood)

4.2K 149 7
                                    

Unicode Ver
(23)Misunderstood

"Happy birthday ပါအချစ်လေးတွေ"

"ဟုတ်..."

"ဘာလို့မျက်ရည်တွေဝဲနေတာလဲ သမီး"
မကြာခင်ငိုတော့မယ်ပုံဖြစ်နေတဲ့သမီးကြောင့် မေးလိုက်ရတယ် သားလေးကတော့ အရင်ထက်ငြိမ်နေတယ် ကြည့်ရတာ သူမမလာလို့ဖြစ်မယ်ထင်တယ်

"...မာမီက...လာမယ်ဆိုပြီးတော့..."

"အာ...တောင်ပန်ပါတယ်ရှင်မာမီ အလုပ်ကိစ္စလေးပေါ်လာလို့ပါနော်...အဲ့လိုမျိုးစိတ်မကောက်နေကြနဲ့လေ မာမီကစိတ်မကောင်းဖြစ်မိမှာပေါ့"
သူမကိုမကြည့်ဘဲအောက်ကိုသာခေါင်းငုတ်နေတဲ့
ကလေးတွေကြောင့်

"Oki oki ဒီလိုဆိုရင်ရော မာမီကဒီနှစ်လက်ဆောင်
အဖြစ် မင်းတို့အဖေအကြောင်းပြောပြမယ်လေ"
ချက်ချင်းကို​ခေါင်းထောင်လာတဲ့ကလေးတွေ
ကြောင့် တစ်ချက်ပြုံးလိုက်မိတယ်

"Daddy?"

"အွန်း"
"ဘယ်လိုလဲ စိတ်ဆိုးနေသေးလား"

"Really mommy "

"ဒါပေါ့"
သူ့အကိုကိုတစ်ချက်လှမ်းကြည့်ပြီး သူမကိုပြန်
ကြည့်ပြန်တယ် တည်ငြိမ်တယ်ဆိုတဲ့သားလေးရဲ့
မျက်လုံးထဲမှာတောင် အရောင်တွေတောက်ပနေတာ
ကလေး၂ယောက်လုံးပျော်နေတယ်ဆိုတာသူမခံစားလို့ရတယ်
ပိုးပိုးသိပါတယ် ကလေးတွေသူ့တို့အဖေကြောင်းသိချင်နေတာကို အရင်တုန်းကတော့ ဘယ်လိုဖြေရမလဲ
မသိလို့သာပါ အခုတော့မတူတော့ဘူးလေ...

"Oki လေမာမီတကယ်ပြောပြရမယ်နော် ကတိပြန်မဖျက်ရဘူးနော်"

"တကယ်ပြောတာပါရှင် ရန်ကုန်ပြန်ရောက်ရင်ပြောပြမယ်"

"Promise ?"

"promise"
"သားရောစိတ်မကောက်နဲ့တော့နော်"

"ဟုတ်"

"ဒါနဲ့ဒီနေ့ဘာလုပ်ကြမှာလဲ"

"အမ်...ကိုကိုနဲ့အန်ကယ်ဦးတို့က Daisyland ကိုခေါ်သွားပေးမယ်တဲ့ ဘွားဘွားနဲ့ဘိုးဘိုးလဲပါတယ်"
"အမ်ပြီးတော့ ကြီးကြီးluyii ကလဲမုန့်ဝယ်ကျွေး
မယ်တဲ့"

"ဟုတ်ပါပြီ ပျော်ပျော်ကြီးလည်ပတ်ခဲ့ကြနော်"
"ဒါနဲ့စောစောကပြောတဲ့ ကိုကိုဆိုတာ ဘယ်သူလဲ"

မေ့မရနိုင်သူWhere stories live. Discover now