Unicode
(14)Truth"CEO ကြီးကျန်းမာပါရဲ့လား ခင်ဗျာ"
"ဟဟဟဟ...""မင်တို့၂ကောင်ကဘယ်ကနေဘယ်လိုရောက်လာရတာလဲ"
ဆိုဖာမှာအခန့်သားဝင်ထိုင်လိုက်တဲ့သုတနဲ့စည်သူ
"ဒီနေ့ စီမံရေးဌာနကိုအချက်အလက်လာပေးရလို့လေ ပြီးတော့ မင်းရဲ့အတွင်းရေးမှူးကိုလဲလာရှိုး.."
သုတသူ့ကိုစိုက်ကြည့်လာတဲ့လူကြောင့်
"စကားဆုံးအောင်နားထောင်ပါအုံးကွာ မင်းနဲ့ဘယ်လိုအခြေအနေရှိလဲ လာကြည့်တာပါကွ""ငါကရောဘာပြောနေလို့လဲ"
"အောင်မလေးစည်သူရယ် သူ့ဟာကဘာမှမပြောလို့
သာပဲ အကြည့်နဲ့တင်ငါ ပြာကျတော့မလို့ကို""ပေါက်တက်ကရလာပြောမနေနဲ့...."
"ဒါနဲ့မင်းရဲ့အတွင်းရေးမှူးကနော် တော်တော်
ကြောက်ဖို့ကောင်းတယ်နော် ငါတို့ကိုဝတ်ကျေတမ်းကျေပဲနှုတ်ဆက်တာကွ မသိရင်သူနဲ့ငါကအခုမှသိတာကျနေတာပဲ အဲ့ကောင်မလေးတော်တော်ပြောင်း
လဲသွားတာနော်"
ရှားမှူးတိတ်တဆိတ်ထောက်ခံမိတယ်"မင်းတို့ပဲလား ဟို၂ကောင်ကရော"
"အာကာက ရုံးခွဲဖွင့်တာနဲ့အလုပ်ရှုပ်နေတယ်"
"လင်းခန့်ကတော့..အဲ့ကောင်ကသူ့ရဲ့ လက်သံမလေး
ကိုရှောင်မယ်ဆိုပြီး တောင်ကြီးကခြံဟောင်း
ကိုလစ်သွားတယ်""ဘယ်သူလဲ လက်သန်းမလေး ဆိုတာ"
"သုတဒီကောင်မသိသေးဘူးကွ..."
"လက်သန်းမ မဟုတ်ဘူးလက်သံမလေးအဲ့တာငါတို့
ပေးထားတဲ့နာမည် မင်းမှတ်မိလားမသိဘူး ဟိုတစ်
လောကလင်းခန့်ကို ဟိုတယ်ပိုင်းဦးစီးခိုင်းတယ်လေ
အဲ့တုန်းက ဦးခွန်းနိုင်နဲ့ပါလာတဲ့တစ်ယောက်လေ""အော် အေးငါသိပြီ ယောကျ်ားလေးကေ နဲ့မိန်းကလေးလား ဘာဖြစ်လို့လဲအဲ့တစ်ယောက်က"
"မင်းလဲမသိဘူးမဟုတ်လား အဲ့ကောင်မလေးက
ဦးခွန်းနိုင်ရဲ့သမီးခွန်းယွန်းလှ တဲ့U.Sက ပြန်လာတာ
မကြာသေးဘူးတဲ့လေ"
"လွန်ခဲ့တဲ့၁၀ရက်လောက်က ငါတို့က Doon Barသွားတယ်ကွာ အဲ့မှာအဲ့ကောင်မလေးကိုသွားတွေ့တယ် မင်းလဲသိတဲ့အတိုင်းပဲ အဲ့အကောင်က
ဘောပြာလေး ဘာလေးနဲ့သွားစပြီး တင်ကိုသွား
ကိုင်တယ်လေ "
"အေးအဲ့မှာပွဲက လှတာပဲကွာ ဟိုကအသေဆော်တာလေ ပြီးတော့ခုချိန်ထိရှာနေတယ်လေ တွေ့ရင်သေ
မယ်ဆိုပြီးအဲ့တာနဲ့အဲ့အကောင် ခွင့်ယူပြီးပုန်းနေတာ"
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......