Chapter-27(Allusion)

3.4K 169 8
                                    

Unicode
(27)Allusion

"ကဲဒါဆို နောက်မှအေးအေးဆေးဆုံကြတာပေါ့ကွာ
အော်မေ့လို့ ပွဲလာဖို့လဲမေ့မနေကြနဲ့အုံးနော် မင်းတို့
အန်တီကပြောနေတယ်ဒီကောင်တွေငါ့ဆီမလာတာကြာပြီတဲ့ "

"ဟုတ်ကဲ့အကို ကျွန်တော်တို့သေချာပေါက်လာခဲ့ပါမယ်ဗျာ အန်တီ့ကိုလဲသတိရပါတယ်လို့"

"အကိုမုန့်ပေးခဲ့တယ် သိလား ဂျပန်ဆိုင်အသစ်ကပဲ
Fiber cookie တဲ့ အိမ်ကဟာတွေကတော့ကြိုက်တယ်လေ ကဲဒါဆိုအကိုပြန်ပြီ မင်းအမစောင့်နေတော့မယ်"

"သူဌေး ဒီမှာ ကိုပြည့်စုံဝယ်လာတဲ့ မုန့်နဲ့ကော်ဖီပါ"

"ကောင်းပြီထားခဲ့လိုက်တော့ လိုမှလှမ်းခေါ်လိုက်မယ်"

စားပွဲပေါ်ကမုန့်အချပ်လေးတွေက မျက်စိပဒေသာ
ဖြစ်စရာကောင်းလောက်တော့ တစ်ခုလှမ်းယူပြီး
မြည်းကြည့်လိုက်တော့ ချဉ်တဲ့အရသာလေးက
တစ်မျိုးလေးပါးစပ်ထဲမှာပျော်ဝင်သွားတယ်

"ကောင်းသားပဲ သံပုရာလားနံနတ်လား ဘာအရသာပါလိမ့်"
..............
ပိုးပိုးရေဆာတာနဲ့ နားနေခန်းကိုအရင်ဝင်လာတော့
ပစ္စည်းတွေပြန်စီနေတဲ့ အမမျိုးမျိုး

အမမျိုးမျိုးက အတွေးရေးမှူးလေပိုးလဲအတွင်းရေးမှူးဆိုပေမဲ့ ပိုးက Project တွေအတွက်သီးသန့်လေ အမမျိုးစန္ဒီ ကတော့ အထွေထွေအတွက်ရောပေါ့
ကြည့်ရတာ အကိုတစ်ခုခုစားတာဖြစ်လိမ့်မယ်

ရေသောက်နေရင်းဘာရယ်မဟုတ်စားပွဲပေါ်ကပန်းကန်ထဲမုန့်ကိုကြည့်မိတော့
"အမမျိုး အမမျိုးရေ"

"အော်ပိုးပိုး ညီမလေးပြောလေ"

"မုန့်က သူဌေးစားထားတာလား"

"ဘယ်ဟာ...အော်ဒါလားဟုတ်တယ်လေ ဘာလို့လဲ"
"ဟဲ့...ပိုးဘာလို့လဲ...ဟယ်..ဘယ်သွားတာလဲ"

တစ်ကိုက် ကိုက်ကြည့်ပြီးရင်းနှီးနေတဲ့အရသာ
ကြောင့် အမြန်အခန်းထဲကထွက်ပြီး အကို့ဆီပြေးရ
တော့တယ်

"ဒေါက် ..ဒေါက်....သူဌေး"

မောဟိုက်နေတဲ့ရင်အစုံနဲ့အတူ တံခါးခေါက်တော့
ပြန်ဖြေသံမကြားရတာနဲ့တံခါးဖွင့်လိုက်တော့
ခုံအောက်မှာလှဲကျနေတဲ့သူနီရဲနေတဲ့မျက်နှာနဲ့ စားပွဲပေါ်ကဖုန်းကို လက်လှမ်းနေတဲ့သူ

မေ့မရနိုင်သူWhere stories live. Discover now