Part 3

138 17 2
                                    

🐺Unicode🐍

ဘေစင်က ရေစက်ကျသံ တတောက်တောက်ကလွဲ တိတိတ်နေတဲ့ရေချိုးခန်း။ လူနှစ်ယောက်လွတ်လွတ်လပ်လပ်ရေချိုးနိုင်လောက်အောင်ကျယ်ဝန်းတဲ့ bathtub ထဲ ရေစိမ်ရင်း ဘောင်ကို ခေါင်းမီပြီး သူ့ညာလက်သူပြန်ကြည့်နေတဲ့ရှောင်းကျန့်။ အကြည့်တို့ မှုန်မှိုင်းပြီး တစ်စုံတစ်ခုကို လွမ်းလွမ်းဆွေးဆွေးနဲ့ တွေးတောနေသလို။

ခဏအကြာမှာပဲ မှုန်မှိုင်းမှိုင်းအကြည့်တို့မှ ခပ်စူးစူး အကြည့်အဖြစ်ကိုပြောင်းလဲလို့ တည်တင်းခပ်ထန်လာတဲ့မျက်နှာနဲ့အတူ ရေမျက်နှာပြင်ကိုရိုက်ချလိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့ ရေချိုးခန်းထဲက ရေစက်ကျသံတတောက်တောက်ကို ဖုံးလွှမ်းသွားလေရဲ့။ အသက်ရှူသံတို့က တဖြည်းဖြည်းမြန်ဆန်လို့ တစ်စုံတစ်ရာကို ဒေါသထွက်နေသလို တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။ ထိုအချိန် ရေချိုးခန်းအပြင်ဘက်က ကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်လည်း ရေချိုးခန်းတံခါးရှိရာသာ အလိုမကျစွာ စူးစိုက်ကြည့်မိတယ်။

"သခင်လေးရှောင်။ မနက်စာအဆင်သင့်ဖြစ်ပါပြီ။ သခင်ကြီးနဲ့ သခင်မကြီးက သခင်လေးရှောင်ကို ရေချိုးပြီးရင် အမြန်လာခဲ့ပါတဲ့။"

အခန်းအပြင်က အိမ်စေလေးရဲ့စကားအဆုံး ရှောင်းကျန့်ရဲ့မျက်နှာဟာလည်း အစောပိုင်းက ဒေါသထွက်နေခဲ့တာ သူမဟုတ်တဲ့အတိုင်း ရုတ်ချည်းပင်ပြောင်းလဲလို့ အိမ်စေမိန်းကလေးထံ ချိုချိုသာသာပြန်ဖြေလိုက်တယ်။

"ကောင်းပါပြီ။ ကျွန်တော်လာခဲ့မယ်လို့ ပါးပါးနဲ့မားမားကို ပြောလိုက်နော်။"

"ကောင်းပါပြီ သခင်လေး။"

အိမ်စေထွက်သွားပြီးတဲ့နောက် ရှောင်းကျန့်လည်း ရေပန်းအောက်ကိုဝင် ရေထပ်ချိုးပြီး တက္ကသိုလ်သွားဖို့ရာ ဝတ်စုံပြည့်ဝတ်ဆင်လို့ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ အောက်ထပ်ထမင်းစားခန်းထဲမှာတော့ ရှောင်ပါးပါးနဲ့ မားမားက ရှောင်းကျန့်အလာကိုစောင့်ရင်း စကားလက်ဆုံကျနေကြလေရဲ့။

ရှောင်းကျန့်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခုန်ပေါက်ပြီး ထိုင်ခုံမှာပေါ့ပေါ့ပါးပါးဝင်ထိုင်တော့ ရှောင်ပါးပါးက မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်တယ်။

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now