Part 37

199 24 12
                                    

🐺Unicode🐍

တိတ်ဆိတ်မှောင်မိုက်နေတဲ့ ညသန်းခေါင်ရံအချိန် မှောင်မဲနေတဲ့အခန်းငယ်လေးထဲ အိပ်မက်ဆိုးရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရဟန် အသက်ပြင်းပြင်းရှူရှိုက်ရင်း အိပ်မက်ဆိုးကို တွန်းလှန်နေတဲ့ ကောင်ငယ်လေးတစ်ယောက်။ အကြောစိမ်းတို့ ထောင်ထနေတဲ့အထိ အံတင်းတင်းကြိတ်ရင်း ဆုပ်ကိုင်ဖိချေထားတဲ့ လက်သီးဆုပ်တို့ကြောင့် အိပ်ရာခင်းတစ်ခုလုံးဟာလည်း ရစရာမရှိတော့အောင် တွန့်လိမ်ကြေမွလျက်သား။ နဖူးစပ်နဲ့ လည်ပင်းတွေပါမကျန် ကိုယ်ခန္ဓာတစ်ခုလုံး ချွေးတို့ စိုရွှဲနေပုံက အိပ်မက်ဆိုးရဲ့ အကျဉ်းတန်မှုကြောင့်ဆိုတာ သက်သေပြဖို့ရာပင် မလို။ ခေါင်းကို ဘယ်ညာ အတင်းရမ်းရင်း အိပ်မက်ဆိုးကို အံတုနေပေမယ့် လွတ်မြောက်နိုင်စွမ်း မရှိသည့်နှယ်။

အိပ်မက်ဆိုးတို့ အရင်းတည်ရာ ဦးလေးဖြစ်သူရဲ့ သေဆုံးမှု။ အသက်ရှစ်နှစ်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် နင့်နင့်နဲနဲ လက်ခံရရှိခဲ့ရတဲ့ ဒဏ်ရာတွေ။ သွေးစတို့ စွန်းပေနေတဲ့ လက်အစုံနဲ့အတူ အမြင်အာရုံထဲ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့တာတွေက သူကိုယ်တိုင် သူ့လက်နဲ့ အဆုံးသတ်ခဲ့မိတဲ့ သူတွေ။ အတိတ်တစ်ချိန်က လုပ်ရပ်တွေဟာ ယခုပြန်လည်ရောက်ရှိလာတဲ့ ဘဝမှာပါ အလွတ်မပေးတဲ့အလား ရုပ်ဆိုးအကျဉ်းတန်လှတဲ့ အယုတ္တအနတ္တမြင်ကွင်းတို့က ပိတ်ကားချပ်မှာ အစဉ်လိုက်ပြသနေသလို အစီအရီ။

'မင်းနာမည် အခုအချိန်ကစပြီး Bunny Zhan ဖြစ်သွားပြီ။ လက်စားချေလိုက်။ မင်းကို နာကျင်အောင်လုပ်ခဲ့သူမှန်သမျှ အားလုံးကို သတ်ပစ်။ သေအောင်သတ်ပစ်!!!'

"မဟုတ်ဘူး!!!"

မဟုတ်ဘူး။ သူ့နာမည် Bunny Zhan မဟုတ်ဘူး။ Bunny Zhan က လူသတ်ရတာ ကြိုက်တယ်။ ဒါပေမယ့် သူမကြိုက်ဘူး။ လူသတ်ရတာ သူမကြိုက်ဘူး!

'ဝန်ခံလိုက်စမ်းပါ ရှောင်းကျန့်။ မင်းလည်း လူသတ်ရတာ ကြိုက်တာပဲလေ။ မင်းဦးလေးနဲ့ မင်းသူငယ်ချင်းကို မင်းကိုယ်တိုင် သတ်ဖို့ ဆန္ဒရှိခဲ့တာပဲ မဟုတ်လား။ ရီလေးရော၊ ချန်မင်းရော၊ လီယွမ်ရော။ အားလုံးကို မင်းကိုယ်တိုင် သတ်ဖို့ ဆန္ဒရှိခဲ့တာပဲလေ။'

PSYCHO FRIEND (Season-2) (Completed)Onde histórias criam vida. Descubra agora