Part 36

196 24 9
                                    

🐺Unicode🐍

"မင်း လူသတ်လို့မဖြစ်ဘူး ရှောင်းကျန့်!"

"အခုချက်ချင်း မင်းလက်ထဲကဓားနဲ့ စီနီယာလီယွမ့်လက်ကို ဖြတ်လိုက်လို့ ပြောနေတယ် မဟုတ်ဘူးလား!!!"

ညကြီးအချိန်မတော် မှောင်မည်းတိတ်ဆိတ်နေတဲ့ ဂိုထောင်ပျက်ထဲက ဟိန်းကနဲထွက်ပေါ်လာတဲ့ အော်ဟစ်သံ။ ထိုအော်ဟစ်သံအဆုံး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပေမယ့် အအော်ခံလိုက်ရသူမှာတော့ လက်ထဲက ခေါက်ဓားကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ရင်း အံကြိတ်ငိုရှိုက်နေမိတယ်။

"မဖြစ်ဘူး ရှောင်းကျန့်။"

ခေါင်းကိုအသာခါရမ်းရင်း ငြင်းချက်ထုတ်မိတဲ့အခါ လက်ပိုက်ရင်း ရပ်ကြည့်နေတဲ့ ရှောင်းကျန့်က စိတ်ပျက်သလို စုတ်သပ်ရင်း သက်ပြင်းချတယ်။ ခုံနဲ့တွဲပြီး ကြိုးချည်ခံထားရသူ လီယွမ်မှာတော့ ရှောင်းကျန့်ကိုသာ မျက်ရည်ကြားက နာကျည်းမုန်းတီးမှုအပြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။

ခဏအကြာမှာ စိတ်ရှည်ပုံမရတော့တဲ့ရှောင်းကျန့်က ရှေ့ကိုတိုးလာရင်း ရိပေါ်လက်ထဲကဓားကို ဆွဲလုတယ်။

"မင်းမသတ်နိုင်ရင် ငါသတ်မယ်။"

အပြောနဲ့အတူ ရုတ်တရပ်ဝင်လုံးလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လည်း လက်ထဲကဓား ရှောင်းကျန့်ဆီပြန်မပါသွားဖို့အရေး ကြိုးပမ်းရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြတော့တယ်။ ရိပေါ်ပါးစပ်ကနေလည်း 'မဖြစ်ဘူး' လို့သာ အကြိမ်ကြိမ်ရေရွတ်နေမိတော့တယ်။

နှစ်ဦးသားကြား ရုန်ရင်းဆန်ခတ်ဖြစ်နေကြချိန် တုပ်နှောင်ထားတဲ့ကြိုးကနေ လွတ်မြောက်အောင်ရုန်းကန်နေတဲ့ လီယွမ်မှာ လုံးထွေးနေကြသူနှစ်ဦးရဲ့ ဝင်တိုက်မှုကြောင့် ကြမ်းပြင်ပေါ် တွဲချည်ခံထားရတဲ့ ခုံနဲ့အတူ ဗိုင်းကနဲ လဲကျတယ်။

ကျယ်လောင်လွန်းလှတဲ့ အသံနဲ့အတူ မထင်မှတ်ဘဲ ဖြစ်သွားတဲ့အရာကြောင့် သတိလွတ်သွားတဲ့ရိပေါ်။ ရှောင်းကျန့်ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ ရိပေါ်မေးရိုးတည့်တည့် လက်သီးနဲ့ ချိန်ထိုးတယ်။ အားပြင်းလွန်းလှတဲ့ လက်သီးချက်ကြောင့် မူးဝေသွားတဲ့ ရိပေါ်မှာ နောက်ကို ဖင်ထိုင်လျက်လဲကျသွားတဲ့အပြင် လက်ထဲက ခေါက်ဓားလည်း ဆွဲလုခြင်းခံလိုက်ရတော့တယ်။

PSYCHO FRIEND (Season-2) (Completed)Tahanan ng mga kuwento. Tumuklas ngayon