Part 20

204 37 9
                                    

🐺Unicode🐍

"ဒါဆို ရိပေါ်အနေနဲ့ တရားခံကို ဆက်စုံစမ်းစေချင်လား။"

စားပွဲပေါ် လက်ညှိုးနဲ့ တတောက်တောက်ခေါက်ရင်း မေးလာတဲ့ စုံထောက်ဟောက်ရွှမ်းရဲ့အမေးစကားကြောင့် ရိပေါ်လည်း laptop screen ကို စူးစိုက်ကြည့်နေရာက မျက်လုံးလှန်ကြည့်မိတယ်။

"တကယ်လို့ ဆက်စုံစမ်းမယ်ဆို အမှုက ဘယ်လိုဖြစ်မှာလဲ။"

"တကယ်လို့ မင်းဘက်က တရားခံကို ဆက်စုံစမ်းစေချင်တယ်ဆိုရင်တော့ လီယွမ့်အမှုကို ခေါင်းစဉ်ပြောင်းပြီး ဆက်စုံစမ်းရုံပဲပေါ့။ ဒီလိုမှမဟုတ်ရင်တော့ ဒီလကုန်ရင် ဒီအမှုကို အပြီးတိုင် ပိတ်သိမ်းပစ်ရုံကလွဲပြီး မရှိဘူး။"

ဟောက်ရွှမ်းစကားအဆုံး ရိပေါ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။

"ဆက်စုံစမ်းလို့လည်း ဘာမှထူးမှာမှ မဟုတ်တာဘဲ။ ထားလိုက်ပါ။ သူလည်း ကျွန်တော့်ကို သက်သက်ကြီး ဒုက္ခလိုက်ပေးနေတာမျိုးမှ မရှိတာ။ နောက်ပြီး ကျွန်တော့် အခြေအနေနဲ့က အမှုဖွင့်ဖို့ဆိုတာ အဆင်မပြေဘူးလေ။ ပြဿနာကို ဝေးဝေးကရှောင်တာပဲ ပိုကောင်းပါတယ်။"

ရိပေါ်စကားကို ဟောက်ရွှမ်းက တစ်ချက်မျှစဉ်းစားဟန်ပြုပြီး ခေါင်းညိတ်ပြတယ်။ ရိပေါ်လို နာမည်ကြီးအနုပညာရှင်တစ်ယောက်အနေနဲ့ အမှုတစ်ခုနဲ့ပတ်သတ်ဆက်နွယ်ဖို့ဆိုတာမျိုးက အဆင်မှမပြေနိုင်တာဘဲလေ။

-------------------------------

'What is this thing called Love' ရိုက်ကွင်းအတွင်း ရိပေါ်တစ်ယောက် ရိုက်ကွင်းမှာရှိသမျှလူအားလုံးကို ထူးထူးခြားခြား လိုက်လံပြုံးပြ နှုတ်ဆက်နေလေတယ်။ အမြဲတမ်း ခပ်တည်တည်ပဲ နေတတ်တဲ့ ရိပေါ်၊ တာဝန်အရကလွဲပြီး ဘယ်သူနဲ့မှ စကားလေးလုံးကွဲအောင်တောင် မပြောဖူးတဲ့ရိပေါ်မှာ ယနေ့မှ စိတ်ပျော်စရာကိစ္စရှိလာသယောင် လူတိုင်းနီးပါးကို ပြုံးပြလို့နေလေရဲ့။

ရိပေါ်ကို အံ့ဩတဲ့မျက်ဝန်းအစုံနဲ့ လိုက်ကြည့်နေတဲ့ရှောင်းကျန့်ကိုမြင်တော့ ရိပေါ်လည်း နဂိုပြုံးနေတာထက် ပိုပြုံးလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လို့ ရှောင်းကျန့်နားသာ ကလေးတစ်ယောက်လို အပြေးသွားမိတယ်။ ရှောင်းကျန့်မှာတော့ ရိပေါ်ရဲ့အပြုအမူတွေကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ကောင်းတုန်း။

PSYCHO FRIEND (Season-2) (Completed)Tempat cerita menjadi hidup. Temukan sekarang