Part 27

192 34 4
                                    

🐺Unicode🐍

'ထွက်လာတဲ့ rumor တွေက တကယ်ကြီးပဲလား။'

'ရိပေါ်က အဲ့မင်းသမီးကို တကယ်ကြီး အိမ်ပြန်လိုက်ပို့ပေးခဲ့တာလား။'

'ရိပေါ်နဲ့ မင်းသမီးနဲ့ ဘယ်ကတည်းက တွဲနေခဲ့ကြတာလဲ။ ဒါကြီးကတော့ မဟုတ််သေးဘူးနော်။ တွဲနေတယ်ဆိုလည်း ဘာဖြစ်လို့ boys love ကား ရိုက်သေးလဲ။'

'ဝမ်ရိပေါ် ဒါကနင် ဘာသဘောလဲ။ ကိုယ်နဲ့တွဲရိုက်တဲ့မင်းသားကို တမင်မခန့်တာလား။ တစ်ဖက်မင်းသားကို လေးစားမှုတော့ ရှိသင့်တယ်။ နင်ဆက်ဆံချင်တိုင်း ဆက်ဆံရအောင် ရှောင်းကျန့်ဆိုတဲ့မင်းသားက ပေါက်လွတ်ပဲစားမဟုတ်ဘူး။'

'ဘာလား။ ရိပေါ်မှာ တကယ်ကြီးရည်းစားရှိရက်နဲ့ boys love ကားရိုက်တယ်ပေါ့လေ။ တကယ်ကိုအရှက်မရှိတာပဲ။ အဲ့ကားထွက်လာရင် ငါတစ်သက်လုံး လုံးဝမကြည့်ဘူးလို့ ကျိန်ဆိုတယ်။'

'ငါ့ကောကော ရှောင်းကျန့်လေး သနားပါတယ်။ ဟိုမင်းသား ဝမ်ရိပေါ်က နာမည်ကြီးသလောက် ယဥ်ကျေးမှုမရှိလိုက်တာ။ ငါ့မင်းသားလေးကို သစ်စိမ်းချိုးချိုးသွားတယ်။'

'ဇာတ်ကားနှစ်ခုတစ်ပြိုင်တည်းရိုက်ရလို့တွေ ဘာတွေ လာမပြောနဲ့ဟေ့။ အိမ်ပြန်လိုက်ပို့ရလောက်တဲ့ထိ ပတ်သတ်နေမှတော့ boys love ဇာတ်ကားရိုက်ဖို့ အစကတည်းက စိတ်ကူးတောင်မယဥ်သင့်ဘူး။'

'ဒါကြောင့် နာမည်ကြီးမင်းသားနှစ်ယောက်က kiss scene ကိုတောင် အယောင်ပြပဲထည့်တာဆိုတာ ဒါကြောင့်ပေါ့။ ဝမ်ရိပေါ် နင့်အကြံဒါအကုန်ပဲလား။'

လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေအရ 'What is this thing called Love' ဇာတ်ကားမှာ ဝေဖန်သူတွေ အများအပြားထွက်ပေါ်လို့လာတယ်။ အဓိကအားဖြင့် ဝမ်ရိပေါ်ကို တိုက်ရိုက်တိုက်ခိုက်လာကြတဲ့ မှတ်ချက်တွေက အများအပြား။ ထွက်ပေါ်ထားတဲ့ rumor နဲ့ပတ်သတ်ပြီး ရိပေါ်ဘက်က ဘယ်လိုဖြေရှင်းချက်မျိုးမှ ထုတ်မလာတဲ့အခါ ဝေဖန်သံတွေက ပိုဆိုးလာခဲ့တယ်။

ရိပေါ်မှာတော့ ဝေဖန်တိုက်ခိုက်ခံနေရတာတွေကို သိနေပေမယ့် ဖြေရှင်းချင်စိတ်လည်းမရှိသလို ဂရုလည်းမစိုက်မိ။ ဘယ်ကစလို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာလည်း သူမစဥ်းစားချင်။ ဖြစ်ပျက်နေသမျှ အရာအားလုံး ဖြစ်ချင်သလိုသာဖြစ်တော့ဆိုပြီး အရာအားလုံး လက်လွှတ်လိုက်ချင်စိတ်တွေသာ ပေါက်နေတယ်။

PSYCHO FRIEND (Season-2) (Completed)Où les histoires vivent. Découvrez maintenant