Part 5

138 19 2
                                    

🐺Unicode🐍

ကျောင်းပျော်ပွဲစားခရီးကနေ ပြန်လာပြီးတဲ့နောက် သိပ်မကြာခင်အချိန်မှာပဲ ကျောင်းဖျော်ဖြေပွဲအတွက် လေ့ကျင့်ရတယ်။ ယခင်နဲ့မတူတာက ရှောင်းကျန့်ရဲ့ဦးဆောင်မှုနဲ့အတူ ရှောင်းကျန့်နဲ့ ကျန်းချန်က သံချင်းသံအေးအေးဆိုတဲ့နေရာမှ တာဝန်ယူပြီး ရိပေါ်နဲ့ယွီပင်းကတော့ rap စာသားနဲ့ အကပိုင်းကို တာဝန်ယူရတယ်။ performance ပိုင်းကိုလည်း လေးယောက်လုံးခေါင်းချင်းဆိုင်တိုင်ပင်ပြီး ထည့်ထားသေးတာမို့ သူတို့လေးယောက်ရဲ့ ဖျော်ဖြေမှုက တော်တော်လေးအဆင်ပြေတယ် ပြောရမယ်။ သေချာတာကတော့ ဟိုအရင်အချိန်တုန်းက ရိပေါ်ဦးဆောင်ပြီးကပြခဲ့တဲ့ အကွက်တွေနဲ့ လုံးဝမတူတာပဲ။

ကျောင်းဖျော်ဖြေပွဲနေ့ သူတို့အားလုံးတက်ညီလက်ညီဖျော်ဖြေလို့အပြီးမှာ ယခင်ကလိုပဲ ဒုတိယဆုကို ရရှိခဲ့တယ်။ ရှောင်းကျန့်ကတော့ အပျော်လုံးဆို့ပြီး ခုန်ဆွခုန်ဆွ လုပ်နေလေရဲ့။

-------------------------------

ရိပေါ်မှတ်မိပါသေးတယ်။ ကျောင်းဖျော်ဖြေပွဲပြီး နောက်တစ်နေ့။ ရှောင်းကျန့်က ရိပေါ်ကိုစကားမပြောလို့ဆိုတဲ့အကြောင်းပြချက်ရယ်၊ ရိပေါ်ကိုယ်တိုင်က တစ်ယောက်တည်းလည်းနေနိုင်တယ်ဆိုတဲ့မာနရယ်ကြောင့် ရှောင်းကျန့်တို့သုံးယောက်လုံးနဲ့ ဒုတိယနှစ်ဝက် နှစ်လကျော်တဲ့အထိ စကားမပြောဖြစ်တော့တာကို။ ရိပေါ်ထိုအခေုအနေတို့ကို ပြန်တွေးမိပြီးတဲ့နောက် ရယ်သွမ်းမိပါရဲ့။ ထိုအချိန်တွေတုန်းက ရိပေါ်ဟာ မလိုအပ်တဲ့ တလွဲမာနတွေ ထားခဲ့မိသလိုပဲ။ အခုတော့ ရိပေါ် မလိုအပ်တဲ့မာနတွေကိုထားမနေတော့ဘဲ ကန်တင်းမှာပဲ ရိပေါ်ကိုရှေ့ထားပြီး သုံးယောက်ကမ္ဘာတည် စကားပြောနေကြတဲ့ ရှောင်းကျန့်တို့ကိုပဲ အသာပြုံးပြီးကြည့်နေလိုက်တော့တယ်။ အချိန်တွေက ကုန်တာမြန်လွန်းတာမို့ ရလာတဲ့အချိန်လေးမှာ အလကားနေ စိတ်ဆိုးစိတ်ကောက်တာတွေလုပ်နေမယ့်အစား အချိန်ကိုအကျိုးရှိရှိအသုံးချရမယ် မဟုတ်လား။

ရိပေါ်ရဲ့ အနေအထိုင် အနည်းငယ်မျှ ပြောင်းလဲလိုက်လို့ထင်ပါရဲ့။ ပထမနှစ်ဝက် ပြီးဆုံးသွားသည့်တိုင် သူတို့လေးယောက်ကြား ဘာပြဿနာမှ မတက်ခဲ့သလို ကျောင်းပိတ်တဲ့နှစ်လအတွင်းမှာလည်း လေးယောက်ကြား အဆက်အသွယ်မပြတ်ခဲ့ဘူး။ ရိပေါ် ရှောင်းကျန့်တို့သုံးယောက်တွေ့နေကျ မြို့လယ်ကကော်ဖီဆိုင်လေးမှာ အရင်ကဆို သုံးယောက်တည်းဖြစ်နေတတ်ပေမယ့် အခုအချိန်မှာတော့ ရိပေါ်အပါအဝင် လေးယောက်ဖြစ်သွားခဲ့ပြီ။ တစ်ခါတစ်ရံ ရိပေါ်အလုပ်ရှုပ်နေလို့ မလာဖြစ်တာကလွဲလို့ အရာအားလုံးက ပုံမုန်အတိုင်းလေးပဲ လည်ပတ်နေခဲ့ပါတယ်။

PSYCHO FRIEND (Season-2) (Completed)Onde histórias criam vida. Descubra agora