Part 44 (Final)

255 21 8
                                    

🐺Unicode🐍

"ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါတော့!!!"

'မင်းလက်မခံချင်လည်း ငါ့ကိုသေချာပေါက် လက်ခံရလိမ့်မယ် ရှောင်းကျန့်။ ရိပေါ်ကို ငါကိုယ်တိုင် သေချာပေါက်သတ်ပစ်မှာ။'

"တော်ပါတော့။ ငါတကယ်တောင်းပန်ပါတယ်။ ငါလူမသတ်ချင်တော့ဘူး။ ငါ့ကို လွှတ်ပေးပါတော့!"

'လူမသတ်ချင်ဘူး ဟုတ်လား။ ဟားဟား။ စိတ်ကူးယဥ်မနေနဲ့။'

အခန်းတွင်း Bunny Zhan ရဲ့ စကားသံအဆုံး နေရာမှာတင် လဲကျသွားတဲ့ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ငယ်။ ခဏအကြာ ရုတ်ချည်းပြန်ပွင့်လာခဲ့တဲ့ မျက်ဝန်းအစုံက စူးရဲစွာ။ နေရာမှာတင် ငုတ်တုတ်ထထိုင်လို့ နှုတ်ခမ်းထောင့်တစ်ဖက် ကော့တက်သွားတဲ့အထိ ပြုံးလာတဲ့သူ။

ဘေးပတ်ဝန်းကျင်ကို မျက်လုံးအသာမှေးစင်းကြည့်လိုက်ရင်းက နေရာမှာတင် မတ်တပ်ထရပ်လိုက်ပြီး ရုန်းကန်မှုကြောင့် တွန့်ခေါက်သွားတဲ့ အင်္ကျီကို သေချာပြန်ပြင်လိုက်တယ်။ ထို့နောက်မှာတော့ အဝတ်ဗီရိုရဲ့ အတွင်းလျို့ဝှက်အံဆွဲလေးထဲက မကိုင်ရတာကြာပြီဖြစ်တဲ့ ခေါက်ဓားလေးကို ဆွဲထုတ်ရင်း အဝတ်ဖြူနဲ့ ပွတ်သုတ်လိုက်တယ်။ ဓားကို သေချာကြည့်လိုက်တဲ့အခါ ဓားလက်ကိုင်ရိုးလေးမှာ BZ ဆိုတဲ့ စာလုံးလေးက လှလှပပနေရာယူတယ်။

"ဒီနေ့ မင်းကိုမှမသတ်ရရင် ငါ့ကိုယ်ငါသတ်သေပစ်မှာ ရိပေါ်။"

တိုးတိတ်စွာ ရေရွတ်လိုက်သံဟာ တိတ်ဆိတ်နေတဲ့ အခန်းငယ်အတွင်း ကြက်သီးထဖွယ် ပြန့်နှံ့သွားခဲ့သလို ရေရွတ်လိုက်သူ ကာယကံရှင်ရဲ့ မျက်ဝန်းအစုံဟာလည်း ခဏတွင်းချင်းမှာတင် သွေးဆာနေတဲ့ ဝံပုလွေတစ်ကောင်အလား နီရဲစူးရှလာခဲ့တယ်။

အမည်မသိ အမျိုးသားတစ်ဦး ကြွေးကြော်သွားခဲ့သလိုပါပဲ။ ကံကြမ္မာတစ်ပတ်ပြန်လည်လာတဲ့နောက် သေကံပါသူဟာ သေချာပေါက် သေဆုံးရဦးမှာဖြစ်ပြီး ယနေ့ညမှာလည်း တစ်စုံတစ်ဦးဟာ သွေးချောင်းစီးရတော့မှာပဲဖြစ်တယ်။ ကံကြမ္မာက ဘယ်သူ့ကို ရွေးချယ်ထားတယ်ဆိုတာကတော့...

---------------------------------

style pant အနက်ရောင်နဲ့ ရှပ်လက်ရှည်အဖြူကို သပ်သပ်ရပ်ရပ်တွဲဖက်ဝတ်ဆင်ထားတဲ့ရှောင်းကျန့်။ အင်္ကျီလက်ကြယ်သီးကို အသေအချာတပ်ဆင်ရင်း လှေကားကနေ တစ်ထစ်ချင်း ဆင်းလာတဲ့အခါ ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေတဲ့ ရှောင်ပါးပါးက မေးခွန်းလှမ်းထုတ်တယ်။

PSYCHO FRIEND (Season-2) (Completed)Donde viven las historias. Descúbrelo ahora