🐺Unicode🐍
'ရိပေါ် ငါတောင်းပန်ပါတယ်။ ငါ့ကိုလွှတ်ပေးပါ။'
'ခဏလေးပါပဲ ရှောင်းကျန့်။ ခဏလေးပါပဲ။'
'ဟင့်အင်း။ မလုပ်နဲ့!'
'စိတ်လျှော့ထား ရှောင်းကျန့်။ ပြီးရင် အဆင်ပြေသွားမှာ။'
'ဟင့်အင်း။'
'ဆေးပြားလေးတစ်ပြားရဲ့ အကူအညီယူလိုက်ရုံပါပဲ။'
'ဝမ်ရိပေါ် မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။ မလုပ်ပါနဲ့။'
'ရှူး။ စိတ်လျှော့ထားရှောင်းကျန့်။ မကြောက်နဲ့။'
'ဟင့်အင်း။ ဟင့်အင်း !!! မလုပ်နဲ့ !!! အား !!!'
ခါးအောက်ပိုင်းက တဆစ်ဆစ်တိုးဝင်လာတဲ့ နာကျင်မှုအသေးစိတ်ကအစ ခန္ဓာကိုယ်နေရာအနှံ့က ပွတ်သပ်ကိုင်တွယ်လာတဲ့ အထိအတွေ့တို့အဆုံး။ ရပ်တန့်ပေးဖို့ရာ အသားကုန်ကြုံးအော်မိပေမယ့် နှုတ်ခမ်းဖျားက အသံတစ်သံမှ ထွက်ပေါ်လာနိုင်စွမ်း မရှိတဲ့အခါ။
မှိတ်ကျနေတဲ့မျက်ဝန်းအစုံကို ကြိုးစားဖွင့်ကြည့်မိတဲ့နောက် သူ့ခန္ဓာကိုယ်ကို အရသိမ်းပိုက်ဖို့ရာ ကြိုးပမ်းအားထုတ်နေတဲ့ ချွေးတလုံးလုံးနဲ့ ဝမ်ရိပေါ်ကို မြင်လိုက်ရသလိုလို။
အော်ဟစ်ရုန်းကန်လိုက်ချင်ပေမယ့် အာစေးမိနေတဲ့အလား အသံတစ်သံထွက်ဖို့ရာပင် အနိုင်နိုင်ဖြစ်နေရတာမို့ တောင့်တင်းနေတဲ့ကိုယ်ခန္ဓာကို ကြိုးစားရုန်းကန်ကြည့်မိတယ်။
နားထင်တစ်လျှောက် သွေးကြောတို့ခုန်ပေါက်သံ တဒုန်းဒုန်းကို နားထဲအတိုင်းသား ကြားယောင်ရင်း ရင်ဘတ်ပေါ် လူတစ်ကိုယ်လုံး တက်ဖိထားသလို လေးလံနေမှုကို အံတုရင်း လက်ညှိုးတစ်ချောင်းကအစ အားနဲ့ ရုန်းထကြည့်လိုက်တဲ့အခါ။
"ဟ!"
ထိတ်လန့်တုန်လှုပ်ဖွယ် ညတစ်ညရဲ့ ဆူညံရုန်းကန် အော်ဟစ်သံတို့ ရုတ်ချည်းတိတ်ဆိတ်လို့ ညအိပ်မီးရောင်မှိန်ပျပျ ထွန်းညှိထားတဲ့ အခန်းကျယ်ထဲ သူတစ်ယောက်တည်းသာ ချွေးတလုံးလုံးနဲ့။
ရင်ဘတ်ပေါ် တက်ဖိထားသယောင် အလေးတုံးကြီးလည်း မရှိတော့သလို သူ့အပေါ်မှာ အားကြိုးမာန်တက်လှုပ်ရှားနေတဲ့ ဝမ်ရိပေါ်လည်း မရှိတော့။ ကိုယ်ခန္ဓာအတွင်း စီးဆင်းနေတဲ့ သွေးကြောခုန်သံတို့ကို အတိုင်းသားကြားနေရတဲ့၊ အသံတစ်သံတောင် ထွက်လို့မရတဲ့အခြေအနေကနေ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တာများ ကိုယ့်အသက်ရှူသံသာ ကိုယ်ပြန်ကြားနေရတဲ့အထိ။
VOUS LISEZ
PSYCHO FRIEND (Season-2) (Completed)
Horreur🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023