Part 25

199 33 7
                                    

🐺Unicode🐍

ရိုက်ကွင်းရဲ့ နားနေခန်းထဲ တစ်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်ရင်း လက်သည်းကိုသာ အဆက်မပြတ်ကိုက်ဖဲ့နေမိတဲ့ ရိပေါ်။ လက်သည်းထိပ်တွေမှာလည်း သွေးစတို့စွန်းပေလို့ လက်ချောင်းအားလုံးနီးပါးမှာလည်း ကိုက်ဖဲ့ခံထားရတာကြောင့် စုတ်ပြတ်သတ်နေခဲ့ပြီ။ ရိပေါ်မှာတော့ သူ့ကိုယ်သူသတိမထားမိသေးဘဲ အတွေးရေယာဥ်ထဲမှာပဲ နစ်မျောလို့။

ညစဥ်ညတိုင်း မက်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေ၊ unknown number ကနေတစ်ဆင့် အမြဲလိုလိုပို့လာတတ်တဲ့ အကြောင်းအရာတွေ၊ ရှောင်းကျန့်နာမည်ပြောင်လို့ သူသိထားခဲ့တဲ့ Bunny zhan ဆိုတဲ့နာမည်က သူမသိလိုက်ခင်မှာပဲ သူ့နာမည်ဖြစ်နေခဲ့တာတွေ။ အကြောင်းအရာတွေအားလုံး ဆက်စပ်တွေးမိပြီးတဲ့နောက် ရိပေါ်က သူ့ကိုယ်သူ သံသယဝင်လာမိတယ်။ တကယ်ပဲ လူသတ်သမားက ရှောင်းကျန့်မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေခဲ့တာလား။ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကိုလည်း သူကိုယ်တိုင်က မမှတ်မိဘဲ ရှောင်းကျန့်ကိုပဲ စွပ်စွဲနေမိခဲ့တာလား။

လက်သည်းကိုက်ဖဲ့နေမိရင်း အသားစက လက်ချောင်းပထမအဆစ်ထိ ပဲ့ထွက်သွားတဲ့နောက် နာကျင်မှုကြောင့် ရိပေါ်ရဲ့ အတွေးအစုံဟာလည်း လက်ရှိနေရာကို ပြန်ရောက်တယ်။ နာနာကျင်ကျင်ညည်းညူရင်း လက်ကိုအမြန်ခါလို့ သွေးထွက်လာတဲ့နေရာကို လက်နဲ့ယောင်ယမ်းဖိထားမိတယ်။ ပဲ့သွားတဲ့နေရာက သွေးတွေအဆက်မပြတ်ထွက်လာတဲ့အခါ လက်နှစ်ဖက်စလုံး သွေးစတို့ကြောင့် နီရဲစပြုလာတယ်။ တစ်ဆက်တည်း မျက်လုံးထဲ ပြန်မြင်ယောင်လာတာက သွေးစတို့ စွန်းပေလျက် Bunny Zhan အမည်ထိုးထွင်းထားတဲ့ ခေါက်ဓားကို ကိုင်ထားတဲ့ သူ့ရဲ့လက်တွေ။

ထိတ်လန့်တကြားနဲ့ နေရာကနေ ရုတ်တရပ်ထမိတော့ မူးနောက်သွားတဲ့ ခေါင်းကြောင့် ညည်းညူသံထုတ်မိလိုက်တဲ့အထိ။ မျက်လုံးအစုံ ယောင်ယမ်းပိတ်လိုက်မိတဲ့အခါ ခေါင်းထဲတန်းစီပေါ်လာတဲ့ အကြောင်းအရာတွေ။ စီကနဲ ကြားလိုက်ရပြီးတဲ့နောက် သူ့ကိုယ်သူ ထိန်းနိုင်ခြင်းမရှိတော့ဘဲ ကြမ်းပြင်ပေါ် လဲကျတယ်။ အသိစိတ်တို့ အလုံးစုံကင်းလွတ်မသွားခင် အခန်းတံခါးပေါက်ဝက ပြေးဝင်လာတဲ့ ရှောင်းကျန့်ကို မြင်လိုက်ရသလိုပါပဲ။

PSYCHO FRIEND (Season-2) (Completed)Où les histoires vivent. Découvrez maintenant