🐺Unicode🐍
မနက်စာစားသောက်ကြပြီးတဲ့နောက် ရိပေါ်ကိုယ်တိုင်ပဲ ကားမောင်းပြီး ရှောင်းကျန့်ကို အိမ်ပြန်လိုက်ပို့ဖြစ်တယ်။ ကားမောင်းလာတဲ့ လမ်းတစ်လျှောက်လုံး ရှောင်းကျန့်က ကားမှန်အပြင်ဘက်ကို ငေးကြည့်လျက်ရှိပြီး ရိပေါ်ကတော့ တစ်ချက်တစ်ချက် ရှောင်းကျန့်ထံကို အသံတိတ်ငေးကြည့်တယ်။ သူ့မှာ ပြောစရာစကားတွေ အများကြီးရှိနေပေမယ့် နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့မို့ တစ်ခွန်းမှတော့ မပြောဖြစ်ဘူး။
ကားမှန်အမဲတွေနဲ့သာ ကာရံထားတဲ့ကားလေး ရှောင်းအိမ်တော်ရှေ့ကို ထိုးရပ်တဲ့အခါ ရှောင်းကျန့်က သက်ပြင်းခိုးချရင်း ထိုင်ခုံခါးပတ်ကို အသာဖြုတ်တယ်။ ရိပေါ်ကတော့ ကားစတီယာတိုင်ပေါ် လက်တစ်ဖက်တင်ထားရင်းကပဲ ရှောင်းကျန့်ရဲ့ အပြုအမူတစ်ခုချင်းစီကို အသေးစိတ် လိုက်ကြည့်တယ်။
ကားခါးပတ်ဖြုတ်ပြီးပြီးချင်း ရိပေါ်ထံ အကြည့်တစ်ချက်မှ စွန့်ကြဲခြင်းမရှိတဲ့ ရှောင်းကျန့်က ကားတံခါးဖွင့်လို့ ချက်ချင်းဆင်းသွားတဲ့အခါ မနေနိုင်တဲ့ ရိပေါ်ကပဲ နောက်ကနေ လှမ်းခေါ်ရတယ်။
"ရှောင်းကျန့်။"
ကံကောင်းတယ်ပဲ ပြောရမလား။ ရှောင်းကျန့်က ရိပေါ်ခေါ်သံကို လျစ်လျူမရှုသွားခဲ့ဘူး။ နေရာမှာတင်ပဲ တုတ်တုတ်မှမလှုပ်ဘဲ ရိပေါ်ဆက်ပြောလာမယ့်စကားကို နားစွင့်နေတယ်။
"တကယ်လို့များ...တကယ်လို့များ မင်းပင်ပန်းလာခဲ့ရင်၊ မင်း တစ်စုံတစ်ယောက်ကို လိုအပ်လာခဲ့ရင် ငါ့ဆီကို လာခဲ့ပါ။ ငါ မင်းကို စောင့်နေမယ်။"
ကားတံခါးဘောင်ကိုကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်သီးဆုပ်တို့ တင်းကြပ်သွားခဲ့ပေမယ့် ရှောင်းကျန့်ထံက ဘာတုံ့ပြန်မှုကိုမှ မရခဲ့ဘူး။ ရိပေါ်ထံ ခေါင်းလေးစောင်းတယ်ဆိုရုံစောင်းလာပြီးတဲ့နောက် ကားတံခါးကိုပိတ်ရင်း အိမ်ထဲဝင်သွားတော့တယ်။
အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲလို့ ရိပေါ်ကို မေးလာခဲ့ရင် ရိပေါ်ကတော့ အချစ်ဆိုတာ ဘယ်လိုမှ ဖြတ်တောက်မရတဲ့ နွယ်ကြိုးတစ်ခုလို့ ဖြေဖြစ်မယ် ထင်ပါရဲ့။ ထိုနွယ်ကြိုးမှာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆူးတွေ ပါနေခဲ့တယ်ဆိုရင်တောင်မှပေါ့။ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ကျောပြင်ငယ်ကိုကြည့်ရင်း ရိပေါ်လည်း သက်ပြင်းအသာချလို့ နေရာကနေ ထွက်ခွာခဲ့တော့တယ်။
YOU ARE READING
PSYCHO FRIEND (Season-2) (Completed)
Horror🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023