Part 43

125 17 2
                                    

🐺Unicode🐍

အချိန်တစ်ခုကြာတဲ့အထိ ရိပေါ်ဘက်က နှုတ်ဆိတ်နေမိသလို ရှောင်ပါးပါးကလည်း ရိပေါ်ဘက်က စကားစလာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်တယ်။

"ကျွန်တော် ရှောင်းကျန့်ကို ကာကွယ်ပေးချင်တယ်။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။"

ရိပေါ်စကားအဆုံး ရှောင်ပါးပါးက သက်ပြင်းအသာချတယ်။

"ဘာဆက်လုပ်သင့်တယ်ဆိုတာကတော့ ကျန့်ကျန့်ရဲ့ အဖေတစ်ယောက်အနေနဲ့ ဦးလေး မပြောသင့်ဘူး။ အားလုံးက မင်းကိုယ်တိုင် စဥ်းစားရမှာ။ မင်းကိုယ်တိုင် ကြိုးစားရမှာ။ ကျန့်ကျန့်ဘက်က မင်းကို လက်ခံမခံဆိုတာကလည်း မင်းအပေါ်မှာပဲ မူတည်မှာ။ ပြီးတော့ သိတဲ့အတိုင်း ကျန့်ကျန့်က သာမန်ကလေးတစ်ယောက်မဟုတ်ဘူး။ dark side ရှိတဲ့ကလေးတစ်ယောက်။ သူ့အနေနဲ့ မင်းအပေါ် စမ်းသပ်မှုတွေ လုပ်လာတဲ့အခါမှာ မင်းခံနိုင်ရည်ရှိဖို့တော့ လိုတာပေါ့။ တစ်ခုတော့ ရှိတယ်။ သူ့ရဲ့ စမ်းသပ်မှုက အချိန်ခဏလေးနဲ့လည်း ပြီးသွားနိုင်သလို နှစ်တွေအများကြီးလည်း ကြာသွားနိုင်တယ်။ မင်းက စောင့်နိုင်မှာလား။"

ရိပေါ် ယုံကြည်ချက်အပြည့်နဲ့ ရှောင်ပါးပါးရဲ့မျက်ဝန်းတည့်တည့်စိုက်ကြည့်ရင်း ခေါင်းသာညိတ်ပြလိုက်တယ်။

"နှစ်တွေဘယ်လောက်ကြာကြာ ကျွန်တော့်ဘဝတစ်ခုလုံး သူတစ်ယောက်တည်းကိုပဲ ပုံအောပြီးချစ်မှာမို့ ကျွန်တော်စောင့်နိုင်တယ်။"

"သူက မင်းကို သတ်ဖို့ဆန္ဒရှိနေတယ် ဆိုရင်တောင်မှလား။"

ရိပေါ် အသာပြုံးလိုက်မိတယ်ထင်ပါရဲ့။

"သူသာအဆင်ပြေမယ်ဆို ကျွန်တော့်အသက် သေရလည်း ကိစ္စမရှိပါဘူး။"

ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလာတဲ့ ရိပေါ်ကိုကြည့်ရင်း ရှောင်ပါးပါးလည်း အသာလိုက်ပြုံးမိပါရဲ့။ ရိပေါ်ရဲ့ ရှောင်းကျန့်အပေါ်မှာထားတဲ့ မေတ္တာအတိမ်အနက် ဘယ်လောက်ရှိသလဲ မခန့်မှန်းနိုင်ပေမယ့် ရိပေါ်ရဲ့ နှုတ်ထွက်စကားတစ်ခွန်းချင်းစီတိုင်း၊ ရိပေါ်ရဲ့ ရှောင်းကျန့်အပေါ်ကြည့်တဲ့ အကြည့်တစ်ခုချင်းစီတိုင်းကအစ ဘေးလူတွေ ခံစားမိလောက်အောင် အကြင်နာနွေးထွေးမှုတို့ စီးဝင်နေတဲ့အခါ ရှောင်ပါးပါးလည်း ရှောင်းကျန့်ငယ်အတွက် စိတ်ချရမယ့်သူ ရှာတွေ့သွားတဲ့အလား စိတ်ချလက်ချသာ ပြုံးနေမိတော့တယ်။

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now