Part 8

121 22 2
                                    

🐺Unicode🐍

"အချိန်နောက်ပြန်လည်ပြီး အတိတ်ကိုပြန်ရောက်လာတတ်တာကို ယုံလား။"

ယွီချန်ကောရဲ့ရှေ့ ဆိုဖာခုံပေါ် စိမ်ပြေနပြေမှီထိုင်ရင်း မေးလာတဲ့စကားအဆုံး ယွီချန်ကောကတော့ ကော်ဖီကိုသာ အရသာခံသောက်ပြီး ခေတ္တမျှစဉ်းစားဟန်ပြုတယ်။ ထို့နောက်မှာ စားပွဲပေါ် ကော်ဖီခွက်ကို အသာတင်ပြီး လက်နှစ်ဖက်ကိုယှက်လို့ ရိပေါ်ကိုကြည့်လာတယ်။ စိတ်ရောဂါဆရာဝန်ပီပီ မျက်နှာထက်မှာ အပြုံးတစ်ခုကိုတော့ ချိတ်ဆွဲထားတုန်းပဲ။

"ရှိရင်လည်း ရှိမှာပေါ့။ ဒီလောကကြီးမှာ ကောတို့သိပ္ပံပညာနဲ့လိုက်မမီနိုင်လောက်အောက် ထူးဆန်းတဲ့အရာတွေက ဖြစ်ပျက်နေကြတာပဲလေ။ ဒီနေ့အတွက် ဒီခေါင်းစဉ်ကို ဆွေးနွေးချင်လို့လား။"

ရိပေါ်က ပြုံးရင်းနဲ့ပဲ ခေါင်းအသာရမ်းလိုက်တယ်။

"ဆွေးနွေးချင်တယ်လို့တော့ မဟုတ်ပါဘူး။ ကောယုံလား၊ မယုံလား သိချင်ရုံတင်ပါ။"

"ရိပေါ်က ယုံလို့လား။"

"ယုံတယ်ဆိုတာထက် တကယ်ကြုံခဲ့ရတာလို့ပြောရင် ကောယုံမလားပဲ။"

ခေါင်းအသာစောင်းရင်း နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကော့တက်သွားတဲ့အထိပြုံးလို့ တစ်လုံးချင်းမေးလာတဲ့ရိပေါ်ကြောင့် ယွီချန်လည်း မျက်လုံးအစုံကိုမှေးစင်းပြီး အကဲခတ်သလိုကြည့်မိတယ်။

"ရိပေါ်ဘက်က ကြုံခဲ့သမျှပြောပြဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ကိုယ့်ဘက်ကနားထောင်ဖို့အသင့်ပါပဲ။"

ယွီချန်ကောဘက်က ယုံတယ်၊ မယုံဘူး မပြောပါဘဲ စိတ်ဆရာဝန်ပီပီ စကားလမ်းကြောင်း ဖွင့်ပေးလိုက်တဲ့အပေါ် ရိပေါ်ကတော့ သက်ပြင်းအသာချတယ်။ ရိပေါ်အနေနဲ့ ယွီချန်ကောကို မေးသာမေးလိုက်တာ။ ပြောပြဖို့စိတ်ကူးလည်း ရှိမနေခဲ့ဘူး။ တကယ်လို့ ပြောပြမိခဲ့ရင်လည်း မယုံဖို့က ရာခိုင်နှုန်းများတာမို့။

ခေါင်းတရမ်းရမ်းနဲ့ တွေဝေနေပုံရတဲ့ ရိပေါ်ကိုကြည့်ရင်း ယွီချန်ကောက စကားပြန်စတယ်။

"ရိပေါ်ဘက်က ကိုယ့်ကို အပြည့်အဝယုံတယ်ဆိုမှ၊ ပြောချင်စိတ်ရှိတယ်ဆိုမှ ပြောပါ။ ကိုယ့်ဘက်က ဖိအားပေးလိုက်လို့ ပြောတာမျိုး ရိပေါ်ကို မဖြစ်စေချင်ဘူး။"

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now