🐺Unicode🐍
"သူက သူလုပ်ခဲ့သမျှ အရာအားလုံး ကျွန်တော်လုပ်ခဲ့တာလို့ပဲ ထင်နေတော့တာလေ။"
"ဟက်!"
နှစ်ဦးကြား တဒင်္ဂမျှ တိတ်ဆိတ်သွားတဲ့တစ်ခဏ။ မယုံကြည်နိုင်တဲ့စိတ်ကြောင့် ထွက်ပေါ်လာတဲ့ ရိပေါ်ရဲ့ လှောင်ရယ်သံအဆုံး နှစ်ဦးစလုံး အထိတ်တလန့်နဲ့ လှည့်ကြည့်လာကြတယ်။ ရိပေါ်ကတော့ ပြိုင်တူလှည့်ကြည့်လာကြတဲ့သူနှစ်ဦးကိုသာ ခေါင်းတညိတ်ညိတ်လုပ်ရင်း ကြည့်နေမိပါရဲ့။
"ရိ ရိပေါ်။ မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။"
ယွီချန်ကောတစ်ဖြစ်လည်း ချောင်းယွီချန်ထံက ထွက်ပေါ်လာတဲ့မေးခွန်းကို ရိပေါ်ပြန်မဖြေဖြစ်။ ထိုအစား ဘေးနားမှာမတ်တပ်ရပ်ပြီး ရိပေါ်ထံ လှမ်းကြည့်နေတဲ့ မျက်ဝန်းသေတွေထံကိုပဲ ရိပေါ် ခနဲ့တဲ့တဲ့ပြုံးရင်း ပြန်ကြည့်နေမိတယ်။
"ငါ့အကြောင်းကို ငါမသိအောင် ဆွေးနွေးနေရတာ ပျော်ရဲ့လား ရှောင်ရှောင်းကျန့်။"
မျက်ဆန်ညိုတို့ အနည်းငယ်လှုပ်ရှားသွားရုံကလွဲ၊ အံအနည်းငယ်ကြိတ်လိုက်ရုံကလွဲ ရှောင်းကျန့်ထံံက မည်သည့်စကားသံမျှ ထွက်မလာ။ ယွီချန်ကောမှာ ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်၊ ရိပေါ်ကိုကြည့်လိုက်နဲ့ ရှင်းပြဖို့သာ ကြိုးစားနေလေရဲ့။
"ရိပေါ် ကိုယ်ရှင်းပြမယ်။ မင်းထင်သလိုမဟုတ်..."
"မင်းအရမ်းပင်ပန်းခဲ့မှာပဲနော် ရှောင်းကျန့်။ ငါ့ရောဂါကို သိနေလျက်နဲ့ မသိချင်ယောင် ဆောင်နေရတာလေ။"
ရှောင်းကျန့်ထံက မည်သည့်စကားသံမျှ ထွက်ပေါ်လာခြင်းမရှိ။ ထိုအစား ရိပေါ်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေလေရဲ့။ ရိပေါ်ကတော့ အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ရင်း ခေါင်းမော့ပြီးတော့သာ ဟားကနဲ အော်ရယ်မိတော့တယ်။
"မင်းမှာငါ့ကိုပြောစရာစကားမရှိဘူးလားရှောင်းကျန့်။ ဘယ်လောက်တောင်ကြာပြီလဲ။ ဘယ်အချိန်ကတည်းကလဲ။"
ရှောင်းကျန့်က ပြန်ဖြေခြင်းမရှိဘဲ မျက်နှာလွှဲတော့ ရိပေါ်က အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ရင်း အော်ဟစ်မေးမိတော့တယ်။
VOCÊ ESTÁ LENDO
PSYCHO FRIEND (Season-2) (Completed)
Terror🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023