Part 33

192 32 6
                                    

🐺Unicode🐍

ငြီးစီစီခံစားချက်နဲ့အတူ အသက်ခပ်ပြင်းပြင်းရှူရှိုက်ရင်း မျက်လုံးအစုံဖွင့်ကြည့်မိတဲ့အခါ ပထမဆုံးခံစားမိလိုက်တာက တစ်ခြမ်းလုံး အေးခဲထုံကျင်နေပြီဖြစ်တဲ့ သူ့ရဲ့ပါးပြင်နဲ့ အနေအထားမမှန်တာကြောင့် ကိုက်ခဲနေတဲ့ ခြေ၊ လက်တွေ။ မျက်စိရှေ့ မြင်နေရတဲ့ ဝိုးတဝါးမြင်ကွင်းကြောင့်  မျက်လုံးအစုံကို ပြန်မှိတ်ရင်း ခန္ဓာကိုယ်ကို အသာတွန့်မိတယ်။ အေးစက်နေတဲ့ကြမ်းပြင်ပေါ် ဘေးတစောင်းအနေအထားနဲ့ လဲလျောင်းလျက်သားဖြစ်နေတာမို့ ပက်လက်အနေအထားဖြစ်အောင် အားယူလှဲချလိုက်ရတယ်။ ကြမ်းပြင်ရဲ့ အေးစက်နေမှုကြောင့် ထင်ပါရဲ့။ ရိပေါ်ရဲ့ ခြေ၊ လက်နဲ့ ခန္ဓာတစ်ခုလုံး ထုံကျင်ကိုက်ခဲလို့နေတယ်။

ပက်လက်အနေအထားနဲ့ပဲ သက်တောင့်သက်သာဖြစ်အောင် ခဏကြာ အနားယူလို့အပြီးမှာ ခေါင်းထဲအရင်ဆုံးဝင်လာတာက ကြမ်းပြင်ပေါ်မှာ သတိလစ်မေ့မြောနေခဲ့တဲ့ စီနီယာလီယွမ်။ အတွေးနဲ့အတူ မျက်လုံးအစုံဟာလည်း ရုတ်ချည်းပွင့်အံလာတယ်။ စိုးရိမ်ပူပန်စိတ်နဲ့ အမြန်ထထိုင်လိုက်တော့ သူ့ရှေ့တည့်တည့်ကခုံပေါ်မှာ ခေါင်းငိုက်စိုက်ကျရင်း ထိုင်နေတဲ့ စီနီယာလီယွမ်။

မဟုတ်သေး။ ထိုင်နေတယ်ဆိုတာထက် ခုံနဲ့တွဲပြီး ကြိုးချည်ခံထားရတာဆို ပိုမှန်လိမ့်မယ်။

ရိပေါ်လည်း အလျင်အမြန်ထလိုက်ပြီး စီနီယာလီယွမ်ရှေ့ အပြေးသွားမိတယ်။

"စီနီယာလီယွမ်။"

ရိပေါ်ခေါ်သံကြောင့်ထင်။ ခေါင်းငိုက်စိုက်ကျလျက်ရှိတဲ့ စီနီယာလီယွမ်က အသက်ကိုဖြည်းဖြည်းချင်းရှူရှိုက်လာပြီး မျက်လုံးအစုံပွင့်အံလာတယ်။ ထို့နောက်မှာ ရိပေါ်ထံ ဗလာဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်လာခဲ့တယ်။

"စီနီယာလီယွမ်။ ဘယ် ဘယ်လိုဖြစ်တာလဲ။ ဘယ် ဘယ်သူလုပ်တာလဲ။"

စီနီယာလီယွမ်က ဘာမှပြန်မပြော။ ထိုအစား ထိတ်လန့်တုန်လှုပ်နေတဲ့ ရိပေါ်ရဲ့ လက်တစ်ဖက်ရှိရာကိုသာ အသာငေးကြည့်လာတယ်။

စစခြင်း သတိလည်လာပါပြီဆိုကတည်းက ကိုယ့်ကိုယ်ကို သတိမမူမိတဲ့ ရိပေါ်မှာ စီနီယာလီယွမ်ရဲ့ အကြည့်တို့တည်ရှိရာ သူ့ရဲ့လက်ကို အကြည့်ပို့မိတဲ့အခါမှာတော့ ကိုယ်ခန္ဓာအတွင်း ရှိသမျှသွေးကြောတို့ ဒုန်းကနဲဆောင့်တက်ပြီး ပြတ်ထွက်သွားပြီလားထင်ရလောက်အောင် ထိတ်လန့်တုန်လှုပ်မိရတော့တယ်။ ရိပေါ်ရဲ့ ညာဘက်လက်မှာ အမှတ်တမဲ့ ဆုပ်ကိုင်ထားမိခဲ့တဲ့ အရာက ရိပေါ် ဘယ်တော့မှ မေ့မရနိုင်တော့တဲ့၊ တစ်နည်းအားဖြင့် ရိပေါ် ဘယ်လိုပင် လိုက်ရှာရှာ မတွေ့ရှိခဲ့ရတဲ့ အရာ။ အတိတ်ဆိုးတို့အရင်းတည်ရာ BZ လို့ ထွင်းထုထားခဲ့တဲ့ ခေါက်ဓားလေးတစ်လက်။

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now