Part 10

142 20 2
                                    

🐺Unicode🐍

မြို့လယ်ခေါင်အတွင်း ရှုပ်ယှက်ခတ်နေတဲ့လမ်းမတွေပေါ် ကူးလူးသွားလာနေကြတဲ့ ယာဉ်ပေါင်းများစွာ။ အထပ်မြင့်တိုက်အသီးသီးက ပြသလျက်ရှိတဲ့ LED Board က ကြော်ငြာအမျိုးမျိုး။ ပြသသမျှကြော်ငြာအများစုမှာ နေရာယူထားတာက ယခုလက်ရှိတရုတ်ပြည်ရဲ့ ရေပန်းစား နာမည်ကျော်ကြားနေတဲ့ မင်းသားဝမ်ရိပေါ်။

ရိပေါ်ကတော့ ထိုမြင်ကွင်းအားလုံးကို အထပ်မြင့်တိုက်တစ်လုံးရဲ့ မှန်တွေသာကာရံထားတဲ့ နံရံတစ်ဖက်ကနေ လက်ထဲကဝိုင်ခွက်ကိုအသာလှည့်ရင်း ငေးမောကြည့်တယ်။

လက်ထဲဝိုင်ကို အာစွတ်ရုံတစ်ငုံစာမျှသောက်ပြီးတဲ့နောက် သက်ပြင်းအသာချမိပြီး သိပ်မကြာခင်မှာပဲ တံခါးခေါက်သံနဲ့အတူ အသံပြုလာတဲ့ ရိပေါ်ရဲ့ မန်နေဂျာ။

"မင်းသား။ ကျွန်တော်ဝင်လာခဲ့လို့ရမလား။"

"ဝင်ခဲ့ပါ။"

မန်နေဂျာဝင်လာတာနဲ့ ရိပေါ်လည်း ခုံတန်းရှည်ရဲ့ထိပ်မှာ အသာဝင်ထိုင်ရင်း လက်ထဲက ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်တယ်။ မန်နေဂျာဖြစ်သူကလည်း ဘေးခုံမှာဝင်ထိုင်ရင်း ရိပေါ်ထံ ဖိုင်တစ်ခုကမ်းပေးလာတယ်။

"မင်းသားနဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက ဒီဇာတ်ကားရိုက်ကူးဖို့ရာအတွက် ကမ်းလှမ်းလာတယ်။ မင်းသားအနေနဲ့ ဘယ်လိုသဘောရပါသလဲတဲ့။"

မန်နေဂျာစကားအဆုံး ဖိုင်ကိုဖွင့်ဖောက်ကြည့်မိတော့ ရိပေါ်ရိုက်ကူးရမယ့်ဇာတ်လမ်းက အခြားမဟုတ်။ တစ်ချိန်တစ်ခါက စီနီယာလီယွမ်ဖြစ်သူနဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ရိပေါ်လည်း သက်ပြင်းအသာချရင်း ဖိုင်ကိုသာ စားပွဲပေါ်တင်လိုက်တယ်။ မန်နေဂျာကတော့ သူ့တာဝန်အတိုင်း ပြောစရာရှိတာ ဆက်ပြောလာတယ်။

"မင်းသားနဲ့အတူရိုက်မယ့် လီယွမ်ဆိုတာက သရုပ်ဆောင်ဘက်မှာ နာမည်တစ်ခုရထားတဲ့သူပါ။ မင်းသားနဲ့တွဲရိုက်မယ့် မင်းသမီးကလည်း နာမည်ပျက်လုံးဝမရှိတဲ့အပြင် ဇာတ်လမ်းရဲ့မူရင်းဝတ္ထုကလည်း ပရိတ်သတ်တွေကြား ရေပန်းစားပြီးသားဇာတ်လမ်းဖြစ်လို့ မင်းသားအနေနဲ့ ရိုက်ကူးဖို့အတွက် အဆင်ပြေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။"

PSYCHO FRIEND (Season-2) (Completed)Donde viven las historias. Descúbrelo ahora