Part 1

1K 32 14
                                    

🐺Unicode🐍

တိတ်ဆိတ်သောပတ်ဝန်းကျင်၊ အေးစက်သောကြမ်းပြင်၊ သွေးစက်နီနီတို့ တစ်စက်စီ စီးကျနေသော နာကျင်နေသည့်လက်ကောက်ဝတ်။ မူးဝေလာတဲ့ခေါင်းနဲ့အတူ အရာအားလုံးအမှောင်ဖုံးသွားပြီးတဲ့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်ထွက်သွားသလို။

အမြင့်တစ်နေရာက ပြုတ်ကျသလိုခံစားမိတော့ ရင်အစုံက မောပန်းမှုကြောင့် နိမ့်ချည်မြင့်ချည်နဲ့။ တစ်စတစ်စကျယ်လောင်လာတဲ့ဆူညံသံတွေကြောင့် ခန္ဓာကိုယ်ကို အသာတွန့်မိတယ်။

'ဘယ်လိုဖြစ်တာလဲ။ ငါမသေသေးဘူးလား။'

အတွေးနဲ့အတူ ကိုယ့်အသက်ရှူသံကို ပြန်ကြားရပြီးတဲ့နောက် အလန့်တကြားပွင့်အံလာခဲ့တဲ့ မျက်ဝန်းတွေ။

'ဘယ်လိုဖြစ်တာလဲ။ ငါမသေဘူးလား။ ဆေးရုံရောက်နေတာလား။ မဖြစ်နိုင်ဘူး။'

ခေါင်းထဲဝင်လာတဲ့အတွေးမျိုးစုံနဲ့အတူ ရိပေါ်တစ်ယောက် အသက်ကိုသာ ခပ်ပြင်းပြင်းရှူထုတ်မိတယ်။ အခုရိပေါ်ထိုင်နေတဲ့အနေအထားအရ ခုံပေါ်မှာမှောက်အိပ်သလိုဖြစ်နေတာမို့ ဆေးရုံမဖြစ်နိုင်မှန်းလည်း ချက်ချင်းသိလိုက်တယ်။

အတွေးနဲ့အတူ ယောက်ယက်ခတ်နေတုန်း ကြားလိုက်ရတဲ့အသံတစ်ခု။ ထိုအသံကြောင့်ပဲ မယုံကြည်နိုင်တဲ့စိတ်နဲ့ အသက်အောင့်မိတဲ့အထိ။

"ဝမ်ရိပေါ်။ ငါက ရှောင်းကျန့်ပါ။ ငါတို့အဖွဲ့ထဲမှာ လေးယောက်ပြည့်ဖို့ တစ်ယောက်လိုနေလို့ မင်းဝင်မလား။"

အိပ်မက်လေလား၊ တကယ်လေလား။ အသံပိုင်ရှင်က တကယ်ကိုပဲ...

'ရှောင်းကျန့် မင်းလား။'

မဖြစ်နိုင်တဲ့မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ရင်း အသံလာရာ မော့ကြည့်မိတော့ တကယ်ကိုပဲ ရှောင်းကျန့်က သူ့ကိုကြည့်ပြီး ပြုံးပြနေခဲ့တာ။ တစ်လောကလုံးကို အေးချမ်းသွားစေတဲ့အပြုံး၊ သူ့အတွက်ရည်ရွယ်ခဲ့ခြင်း မရှိခဲ့ဖူးတဲ့ ရှောင်းကျန့်ရဲ့ နွေးထွေးတဲ့အပြုံး၊ သူမမြင်တွေ့ရတာ ဘယ်လောက်တောင်များ ကြာခဲ့ပြီလဲလေ။

PSYCHO FRIEND (Season-2) (Completed)Où les histoires vivent. Découvrez maintenant