Part 4

128 22 2
                                    

🐺Unicode🐍

အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်ပျက်ခဲ့ပါတယ်။ ရှောင်းကျန့် ရေချိုးခန်းထဲဝင်သွားပြီးသိပ်မကြာ၊ မီးပျက်ခဲ့တယ်။ အမှောင်ကို ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့တဲ့ ရိပေါ်မှာတော့ လန့်မအော်မိအောင်မနည်းထိန်းလိုက်ရတယ်။ သို့ပေမယ့် ပေါ်ပေါက်လာတဲ့အကြောက်တရားတို့ကို ဘယ်လိုမှဖြေဖျောက်လို့ မရတော့တဲ့နောက် နားနှစ်ဖက်ကိုလက်နဲ့ပိတ်၊ မျက်လုံးအစုံကို တင်းနေအောင်မှိတ်ရင်း ကုတင်ဘေးနားသာ ငုတ်တုတ်ထိုင်ချမိတယ်။

မီးပြန်လာတဲ့အချိန် ရိပေါ်လည်း အစက်ကျုပုံမှန်ပြန်ဖြစ်အောင် မနည်းရှူသွင်းလို့ မျက်လုံးအသာဖွင့်ကြည့်မျတာ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်ဖြန့်ပြီး နောက်ကိုထိုင်လျက်လဲကျတဲ့အထိ။

"အား!!"

ဘယ်အချိန်ကတည်းက ရေချိုးခန်းထဲက ထွက်လာမှန်းမသိတဲ့ ရှောင်းကျန့်က ခါးမှာ တဘတ်တစ်ထည်ပတ်ထားရင်း ကုတင်ပေါ်မှာထိုင်လို့ ရိပေါ်ကို စူးစိုက်ကြည့်နေခဲ့တယ်။

"ရှောင်း ရှောင်းကျန့်"

တုန်ယင်လှိုက်မောနေတဲ့အသံနဲ့ ခေါ်လာတဲ့အချိန်ထိ ရှောင်းကျန့်ဟာ‌ သွေးအပျက်ပျက်ဖြစ်နေတဲ့ ရိပေါ်ထံကနေ အကြည့်လွှဲခဲ့ခြင်း မရှိဘူး။ ထိုအစား ရိပေါ်ဘက်က မည်သည့်စကားမျှ ထပ်မထွက်လာခင် ခေါင်းကိုအသာစောင်းရင်း မေးလာခဲ့တယ်။

"အမှောင်ကြောက်တာလား။"

ရိပေါ်လည်း တံတွေးတစ်ချက်မြိုချပြီး ခေါင်းအမြန်ညိတ်ပြလိုက်တယ်။ ရှောင်းကျန့်ကတော့ သိပြီဆိုတဲ့သဘောနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း တစ်ဖက်လှည့်သွားတော့တယ်။ အမှောင်ကြောက်တဲ့ရိပေါ်ကို ဝတ်ကျေတန်းကျေသဘောမျိုး မေးမြန်းတာကလွဲ စိတ်ပူပန်ခြင်းမရှိ၊ ရိပေါ် ဘာကြောင့် အခုလိုကြောက်လန့်နေရသလဲကိုတောင် စိတ်ဝင်စားခြင်းမရှိ။

"ငါရေချိုးလို့ ပြီးပြီ။ မင်းရေချိုးလို့ရပြီ။"

ရှောင်းကျန့်ကပြောပြီးပြချင်း ခေါင်းကဆံပင်ရေစိုကို တဘတ်နဲ့သုတ်နေတာမို့ ရိပေါ်လည်း အင်းတစ်လုံးသာပြောပြီး ပခုံးပေါ်တဘတ်တင်ရင်း ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။ ရေချိုးခန်းအပေါက်ဝနားရောက်တဲ့အချိန် ရှောင်းကျန့်ကိုလှည့်ကြည့်မိတော့ ရှောင်းကျန့်က ရိပေါ်ကိုကြည့်မနေ။ ကုတင်ပေါ် စိမ်ပြေနပြေထိုင်လို့ လေချွန်ရင်းနဲ့သာ ခေါင်းကိုသုတ်နေလေရဲ့။

PSYCHO FRIEND (Season-2) (Completed)Tahanan ng mga kuwento. Tumuklas ngayon