Part 24

198 32 10
                                    

🐺Unicode🐍

ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး ရဲစခန်းဘက်က အမှုပိတ်လိုက်ပြီဖြစ်ကြောင်း၊ အမှုကိစ္စဟာ ရိပေါ်နဲ့ ဘယ်လိုမှသက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်လိုက်ပေမယ့် ဂယက်ထမှုတွေက တော်တော်နဲ့မငြိမ်။ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့မရနိုင်သေးတဲ့ အခြေအနေမို့ ရိပေါ်အနေနဲ့ အသာငြိမ်ပြီး လုပ်လက်စအလုပ်တွေကို ဆက်လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိ။ လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်ထိပါ စွပ်စွဲခံထားရတာမို့ ရိပေါ်ရဲ့ ရိုက်လက်စကြော်ငြာ၊ မဂ္ဂဇင်းတွေကအစ ဆက်မရိုက်တော့ဘဲ စာချုပ်ဖျက်သိမ်းသွားကြတယ်။ စာချုပ်ဖျက်သိမ်းဖို့မလွယ်ကူတဲ့ variety show တွေမှာတော့ ရိပေါ်ကို ခေတ္တခဏလာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြတယ်။ လောလောဆယ် ရိပေါ်မှာ လုပ်စရာဆိုလို့ ရိုက်ကွင်းနှစ်ခုနဲ့ ကုမ္ပဏီကိစ္စပဲ ရှိတော့တယ်။

ကုမ္ပဏီမှာလည်း ရိပေါ်ရဲ့သတင်းကြောင့် ရှယ်ယာတွေက အတက်အကျဖြစ်နေပြီး အကျိုးတူပူးပေါင်းမယ့်ကုမ္ပဏီတွေကလည်း စာချုပ်ချုပ်ဖို့ရာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာကြတယ်။ ရိပေါ်ရဲ့ အတွင်းရေးမှူးက သတင်းကမဟုတ်မှန်ကြောင်း တတ်နိုင်သမျှဖြေရှင်းပြီး ရှယ်ယာရှင်တွေ မထွက်သွားအောင် အတင်းစည်းရုံးထားတာမို့ တော်သေးတယ်ပြောရမယ်။ ရိပေါ်မှာတော့ ရှုပ်ထွေးနောက်ကျိနေတဲ့စိတ်ကြောင့် မည်သည့်အလုပ်မှ မလုပ်နိုင်။ အစစအရာရာ အတွင်းရေးမှူးနဲ့ မန်နေဂျာထံကိုပဲ လွှဲပြောင်းပေးထားရတော့တယ်။

ရှောင်းကျန့်ကတော့ အားပေးရှာတယ်။ 'စိတ်မပူပါနဲ့။ အားလုံးအဆင်ပြေသွားမှာပါ။' တဲ့။ ရိပေါ်ကတော့ ရှောင်းကျန့်ကိုမြင်တိုင်း ရှောင်းကျန့်ရင်ခွင်ထဲတိုးတိုးဝင်ပြီး တဝကြီးဖက်နမ်းပစ်ချင်တော့တာပဲ။ သို့ပေမယ့်လည်း မဖြစ်နိုင်တဲ့ အိပ်မက်ကြီးပဲမို့ ရိပေါ်လည်း ခေါင်းညိတ်ပြပြီး ပြုံးသာပြုံးနေမိတော့တယ်။ ချစ်ရသူရှေ့မှာ ဆန္ဒတွေကို ထိန်းချုပ်ထားရတာ တစ်ခါတစ်လေတော့လည်း လွယ်ကူမနေဘူး။

-------------------------------

ရိုက်ကွင်းအတွင်း နေ့လည်ခဏနားချိန်မို့ ရိပေါ်တစ်ယောက် ဖုန်းသုံးနေမိတုန်း ရှေ့ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ စီနီယာလီယွမ်ကို အကဲခတ်ကြည့်မိတယ်။ လီယွမ်မှာတော့ ရိပေါ်လှမ်းကြည့်နေတာကို သတိထားမိပုံမပေါ်။ သူ့ဖုန်းသူသာ အာရုံစိုက်ပြီး ကြည့်နေတယ်။ ခဏအကြာ နေရာကနေထသွားပြီး သန့်စင်ခန်းဘက်ထွက်သွားတဲ့စိီနီယာလီယွမ်။ ရိပေါ်ကတော့ မျက်မှောင်ကြုတ်လျက်ကသာ လိုက်ကြည့်နေမိတော့တာပဲ။

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now