🐺Unicode🐍
ကုမ္ပဏီရုံးပိတ်ရက်လည်း ဖြစ်တဲ့အပြင် မနက်ခင်းပိုင်းတစ်ပိုင်းလုံး ရိုက်ကွင်းမရှိ၊ အချိန်အားလပ်နေတာမို့ ရိပေါ်လည်း သူသွားနေကျစိတ်ဆရာဝန် ယွီချောင်ကောဆီ ထွက်လာမိတယ်။ 'ဆရာက အပြင်ခဏထွက်သွားလို့ အထဲမှာစောင့်နေပေးပါနော်။' ဆိုတဲ့ ဧည့်ကြိုကောင်တာက ဝန်ထမ်းစကားကြောင့် ရိပေါ်လည်း ခေါင်းအသာညိတ်ပြလိုက်ပြီး အခန်းရှိကာ ထွက်လာခဲ့တယ်။ mask တပ်ပြီး ဦးထုပ်ပါဆောင်းကာ ရုပ်ဖျက်ထားတာမို့ ဧည့်ကြိုဝန်ထမ်းမလေးကတော့ ရိပေါ်မှန်းသိမှာမဟုတ်။
အခန်းထဲရောက်ရောက်ခြင်း စားပွဲပေါ်မှာမြင်လိုက်ရတာက သိမ်းဆည်းထားခြင်းမရှိတဲ့ ဖိုင်တွဲတစ်ခု။
'ကြည့်ရတာ ယွီချန်ကော သိမ်းဖို့မေ့သွားတယ်ထင်တယ်။'
အတွေးနဲ့အတူ ခုံပေါ်မှာသာဝင်ထိုင်ရင်း မျက်စိရှေ့ ရောက်နေတဲ့ဖိုင်ရဲ့ မျက်နှာဖုံးပေါ်ကစာကိုသာ မရည်ရွယ်ဘဲ ဖတ်ကြည့်မိတယ်။
"Paranoia Personality Disorder" (သံသယလွန်ကဲသော စိတ်ဝေဒနာ)
ရောဂါဖြစ်သူကို သိချင်စိတ်နဲ့ ရိပေါ် သူ့ကိုယ်သူ သတိမထားလိုက်မိခင် ဖိုင်တွဲထဲက လူနာ နာမည်ကို လှန်ကြည့်ဖို့ရာ လက်လှမ်းလိုက်မိချိန်မှာပဲ ရုတ်တရပ်ဆွဲယူခံလိုက်ရတဲ့ ဖိုင်တွဲနဲ့အတူ ရိပေါ်ထံကို စူးစိုက်ကြည့်လာတဲ့ ယွီချန်ကော။ ရိပေါ်လည်း ကြောင်အပြီး ဘာမှပြန်မပြောနိုင်ဘဲ ယွီချန်ကိုသာ ပြန်မော့ကြည့်နေမိတယ်။
ခဏအကြာမှ ယွီချန်က မျက်နှာအသာလွှဲရင်း တံတွေးတစ်ချက်မြိုချလိုက်ပြီး အလွန်ထိတ်လန့်သွားဟန်နဲ့ ပြုံးပြလာတယ်။
"Sorry ရိပေ့်။ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာရဲ့ ကိုယ်ရေးကိုယ်တာမှတ်တမ်းကို လျို့ဝှက်ထားရမယ်လေ။"
ထိုအခါမှ ရိပေါ်လည်း သတိပြန်ဝင်လာပြီး အားတုံ့အားနာနဲ့ ပြုံးပြမိတယ်။
"အာ မဟုတ်တာ ယွီချန်ကော။ ကျွန်တော်ကိုက စပ်စုမိသွားတာပါ။ စိတ်မရှိပါနဲ့ ယွီချန်ကော။"
"အင်း။"
ယွီချန်က ခေါင်းအသာညိတ်ပြရင်း ဖိုင်တွဲကို စားပွဲအောက်ထည့်လို့် ရိပေါ်နဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။ သိပ်မကြာ။ အခန်းထဲဧည့်ကြိုဝန်ထမ်းဝင်လာပြီး ကော်ဖီနှစ်ခွက်လာချပေးတယ်။ ဝန်ထမ်းပြန်ထွက်သွားကာမှ ရိပေါ်လည်း ထုံးစံအတိုင်း mask နဲ့ ဦးထုတ်ကို ချွတ်မိတယ်။
KAMU SEDANG MEMBACA
PSYCHO FRIEND (Season-2) (Completed)
Horor🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023