🐺Unicode🐍
စနေနေ့မနက်ခင်းပိုင်း။ ဝမ်ကုမ္ပဏီရဲ့ အစည်းအဝေးခန်းထဲ ရှယ်ယာရှင်တွေအားလုံးစုပေါင်းလို့ CEO ဝမ်ကို အတိုက်အခံပြုလုပ်နေကြတယ်။ ရိပေါ်ရဲ့ အတွင်းရေးမှူးပြောခဲ့သလိုပါပဲ။ ရှယ်ယာရှင်တွေအားလုံးစုပေါင်းလို့ CEO ဝမ်ကို ဖြုတ်ချဖို့ရာ ကြိုးပမ်းနေကြလေရဲ့။
"ကျုပ်တို့အရင်က ပြောခဲ့သလိုပဲ။ CEO ဝမ်က ဒီလိုကုမ္ပဏီကြီးကို ဦးစီးဖို့ အရမ်းကို အသက်ငယ်ရွယ်သေးတယ် ဆိုပြီးတော့လေ။ ဒါ့အပြင်ကို CEO ဝမ်က ကုမ္ပဏီရဲ့ CEO တစ်ယောက် ဖြစ်နေပါလျက်နဲ့ အနုပညာလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်နေတာဟာ ကျုပ်တို့ကုမ္ပဏီအတွက် ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ အခုပဲကြည့်။ CEO ဝမ်နဲ့ ပတ်သတ်လို့ သတင်းတွေထွက်လာတဲ့အခါ ကုမ္ပဏီရဲ့ အခြေအနေက အရင်ကထက် ယိမ်းယိုင်လာတာ အမှန်ပဲ။ ဒီတော့ ကျုပ်တို့စဥ်းစားရမှာက CEO ဝမ်အနေနဲ့ ဒီကုမ္ပဏီရဲ့ CEO တစ်ဦးအဖြစ် ဆက်လက်ရှိနေသင့်သေးရဲ့လား ဆိုတာပဲ။"
ရှယ်ယာရှင်တွေထဲက တစ်ဦးက သူ့ရဲ့အတွေးအမြင်ကို ပြောကြားလာတဲ့အခါ အခြားသောရှယ်ယာရှင်တွေကလည်း ထောက်ခံကြသည့်နှယ် ခေါင်းတဆတ်ဆတ်ညိတ်လာကြတယ်။ ရိပေါ်ကတော့ စားပွဲထိပ်မှာ ထိုင်နေရင်းကပဲ အစည်းအဝေးခန််းထဲရှိသမျှ လူအားလုံးထံ တစ်ချက်ဝေ့ကြည့်လိုက်ပြီး မတုန်မလှုပ်တဲ့ အမူအရာနဲ့ပဲ စကားဆိုတယ်။
"ခင်ဗျားဆိုလိုချင်တဲ့သဘောက ကျုပ်ကအခုလတ်တလောထွက်ပေါ်နေတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့်နဲ့ပဲ ဒီကုမ္ပဏီရဲ့ CEO နေရာကနေ ဆင်းပေးရမယ်ဆိုတဲ့ သဘောလား။"
ရိပေါ်မေးခွန်းအဆုံး နောက်ထပ်ရှယ်ယာရှင်တစ်ဦးက အမြန်ပဲ စကားစလာတယ်။
"CEO ဝမ်ပဲ စဥ်းစားကြည့်ပါဦး။ အခုဆို CEO ဝမ်နဲ့ ပတ်သတ်ပြီး သတင်းတွေအမျိုးမျိုးထွက်နေတာ။ ထွက်ပေါ်နေတဲ့ သတင်းတွေထဲကမှ CEO ဝမ်က လူသတ်သမားဆိုတဲ့ သတင်းက ကျွန်မတို့ကုမ္ပဏီကို အကြီးအကျယ်သက်ရောက်စေတယ်။ လူသတ်သမားကိုလည်း သေချာမရှာနိုင်၊ CEO ဝမ်မဟုတ်ကြောင်းလည်း သက်သေမပြနိုင်နဲ့။ ကျွန်မတို့က ရှေ့လျောက် CEO ဝမ်ကို ဘယ်လိုများ ယုံကြည်ရပါတော့မလဲ။ နောက်ပြီး CEO ဝမ်ကိုယ်တိုင်က အခု စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေရတယ် မဟုတ်လား။ ဆိုတော့..."
YOU ARE READING
PSYCHO FRIEND (Season-2) (Completed)
Horror🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023