Part 7

117 18 2
                                    

🐺Unicode🐍

'ကောင်းကောင်းအိပ်ပါ ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့ လက်တွေ့ဘဝကို မရောစေနဲ့။'

'ကောင်းကောင်းအိပ်ပါ ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့ လက်တွေ့ဘဝကို မရောစေနဲ့။'

နားထဲ အထပ်ထပ်ကြားယောင်နေမိတဲ့စကားသံတွေနဲ့အတူ ရိပေါ် အိပ်မက်ကနေ နိုးထလာရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက သူနဲ့သိပ်ပြီး စိမ်းသက်မှုမရှိတဲ့အခန်း။ တစ်နည်းပြောရရင် သူတစခါထပ်မနည်း ရောက်ဖူးနေတဲ့ ရှောင်းကျန့်ရဲ့အခန်း။ ရိပေါ်လည်း အသက်ပြင်းပြက်းရှူပြီး ကုတင်ပေါ်ကနေထလို့ ဘေးဘက်ကြည့်မ်တော့ ဆိုဖာခုံပေါ် နဖူးပေါ်လက်တင်ရင်း အိပ်ပျော်နေတဲ့ရှောင်းကျန့်။ ရိပေါ်လည်း ဖြစ်ပျက်ခဲ့သမျှအလုံးစုံ ပြန်စဉ်းစားမိပြီးတဲ့နောက် အားနာစိတ်နဲ့သာ ရှောင်းကျန့်ထံ လှမ်းကြည့်မိတယ်။ သူစိတ်လွတ်ပြီး လုပ်ချင်ရာတွေ လုပ်နေမိခဲ့တာမို့။

ရိပေါ် အတွေးနွံထဲ နစ်မြောနေစဉ်မှာပဲ ပင့်သက်ရှိုက်သံတစ်ခုနဲ့အတူ နိုးလာတဲ့ရှောင်းကျန့်။ နိုးနိုးခြင်းပဲ ရိပေါ်ထံလှည့်ကြည့်လို့ တစ်ချက်မျှ သမ်းဝေရင်းက လှမ်းမေးတယ်။

"နိုးနေပြီလား။"

ရိပေါ် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်မိတယ်။

"အင်း။"

ရှောင်းကျန့်ကလည်း ခေါင်းတညိတ်ညိတ်လုပ်ရင်း ရိပေါ်နားကို လျှောက်လာတယ်။

"အဆင်ပြေရဲ့လား။ အခုတလော မင်းခဏခဏသတိလစ်နေသလိုပဲနော်။"

ရှောင်းကျန့်က ရိပေါ်ရှေ့ မတ်တပ်လာရပ်ရင်း ပြောလာတဲ့နောက် ရိပေါ်လည်း ရှောင်းကျန့်ကိုသာ ပင်ပန်းနွမ်းရော်စွာပဲ မော့ကြည့်မိတယ်။

"မင်းဆရာဝန်နဲ့ပြကြည့်တာ ပိုကောင်းမယ်ထင်တယ်။ မင်းကြည့်ရတာ ရက်ရှည်အနားယူလို့လည်း အဆင်ပြေမယ့်ပုံ မပေါ်ဘူး။"

ရ်ပေါ်ခေါင်းသာညိတ်ပြလိုက်မိတယ်။ ရှောင်းကျန့်ပြောသလိုပဲ သူအခုဖြစ်ပျက်ကြုံတွေ့နေရတာတွေက ရည်ရှည်အနားယူလိုက်တာနဲ့ အဆင်ပြေသွားမယ့်အရာတွေမဟုတ်ဘူး။

PSYCHO FRIEND (Season-2) (Completed)Tahanan ng mga kuwento. Tumuklas ngayon