🐺Unicode🐍
တစ်ကိုယ်လုံး မြင်နေရတဲ့ ကိုယ်လုံးပေါ်မှန်ရှေ့ ခါးအောက်ပိုင်းကို တဘတ်ပိုင်းတစ်ခုနဲ့သာ ပတ်ထားရင်း သူ့ကိုယ်သူ ပြန်ကြည့်နေမိတဲ့ ရိပေါ်။ မျက်လုံးအစုံကသာ ရေစက်တို့စီးကျနေတဲ့ ခန္ဓာကိုယ်ပေါ်ကို အကြည့်ရောက်နေပေမယ့် အတွေးအစုံကတော့ မြင်လွှာမှာမရှိ။
ခေါင်းလျှော်ထားခြင်းကြောင့် ဆံပင်တိုတိုထက်က ရေစက်တို့ တစ်စက်စီ စီးကျနေပေမယ့် ခေါင်းသုတ်ဖို့ရာ မေ့လျော့နေပုံရသူမှာ အတွေးနွံထဲ နစ်မြောနေခဲ့တာ အချိန်အတော်ကြာတဲ့အထိ။ မည်သည့်အရာကိုတွေးမိလို့ မည်သည့်အရာကို ငေးကြည့်နေမိမှန်းလည်း သူကိုယ်တိုင်မသိ။ စိတ်နဲ့လူနဲ့မကပ်နိုင် ဖြစ်နေလိုက်ပုံများ သူ့ခန္ဓာကိုယ်ထက် ရစ်သိုင်းလာတဲ့ လက်အစုံနဲ့အတူ ပျင်းပျင်းရိရိထွက်ပေါ်လာတဲ့ စကားသံကြားကာမှ သတိပြန်ဝင်လာမိတဲ့အထိ။
"ခေါင်းကို ပြောင်အောင်သုတ်လေ ရိပေါ်။ ဒီတိုင်းကြီးပဲ ရပ်နေတော့မလို့လား။"
သူ့ခါးထက် လက်နှစ်ဖက်နဲ့ ရစ်သိုင်းဖက်ထားရင်း ပုခုံးထက် ခေါင်းမှီလို့ ပျင်းရိပျင်းတွဲလေသံလေးနဲ့ ပြောလာသူကြောင့် ရိပေါ်လည်း ထိုလက်နှစ်ဖက်ကို အသာအုပ်ကိုင်လိုက်ရင်း စိတ်လိုလက်ရပြုံးလိုက်မိတယ်။
"ကိုယ်အခုထိ မယုံနိုင်သေးဘူး မင်းကို ပိုင်ဆိုင်ရပြီဆိုတာကို။"
ရိပေါ်စကားအဆုံး နောက်ကျောဘက်က မည်သည့်စကားသံမျှ ထွက်မလာတော့။ မနက်ခင်းစောစောစီးစီးအချိန်ဖြစ်တဲ့အပြင် ယမန်နေ့ညကလည်း ပင်ပန်းထားတာမို့ အပျင်းလေးက သူ့ပုခုံးထက်မှီရင်း အိပ်မောကျသွားပြန်ပြီ ထင်ပါရဲ့။
ရိပေါ်မှာတော့ သူအုပ်ကိုင်ထားတဲ့ လက်ပေါ်က ဆင်တူစိန်လက်စွပ်လေးကိုကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိတော့တယ်။ ထို့အတူ ရိပေါ်ရဲ့ အတွေးအစုံဟာလည်း အတိတ်ကို ပြန်လည်ရောက်ရှိတယ်။
---------------------------------
လပြည့်ညဖြစ်တဲ့အလျောက် ကောင်းကင်ထက် ထွန်းလင်းနေတဲ့ လမင်းကြီးဟာ တစ်လောကလုံးကို အလင်းတို့ဖြန့်ကျက်ပေးထားသလို ရိပေါ်နဲ့ ရှောင်းကျန့်တို့ရောက်ရှိနေရာ ဂိုထောင်ခေါင်မိုးပေါက်ကနေဖြတ်ပြီး ဂိုထောင်အတွင်း လင်းထိန်နေအောင် စွမ်းဆောင်ပေးနေလေတယ်။
VOUS LISEZ
PSYCHO FRIEND (Season-2) (Completed)
Horreur🐺Unicode🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023 🐺Zawgyi🐍 အိပ်မက်လေလား... တကယ်လေလား... #EndlessKeir Start date : 23.6.2021 End date : 4.5.2023