Part 30

193 29 14
                                    

🐺Unicode🐍

အစည်းအဝေးပြီးသွားတဲ့နောက် CEO ရှောင်နဲ့ CEO ယွဲ့ကို ရိပေါ်ကပဲ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒကာခံပြီး နေ့လည်စာလိုက်ကျွေးဖြစ်တယ်။

"ဒီနေ့အတွက် ကျွန်တော့်ကိုကူညီပေးခဲ့လို့ CEO ရှောင်နဲ့ CEO ယွဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော်တကယ်ကို ဘာဆက်လုပ်ရမှန်း သိတော့မှာမဟုတ်ဘူး။"

ရိပေါ်စကားအဆုံး CEO ရှောင်က အသာပြုံးတယ်။

"ကျေးဇူးတင်စရာမလိုပါဘူး CEO ဝမ်။ အားကျန့်လေး မွေးနေ့မှာကတည်းက ကုမ္ပဏီသုံးခုအကျိုးတူပူးပေါင်းဖို့ စကား စ,ထားခဲ့ပြီးသားပဲ။ ဒီနေ့မှာ လက်တွေ့အကောင်အထည်ဖော်သွားနိုင်ခဲ့တာ တို့သုံးယောက်လုံး ဝမ်းသာရမှာပေါ့။"

CEO ရှောင်က ဟင်းခွက်တစ်ခွက်ကို တူနဲ့လှမ်းနှိုက်ရင်းက စကားဆိုတော့ CEO ယွဲ့က ပြုံးရင်းနဲ့ စကားစလာပြန်တယ်။

"ဟုတ်တယ်။ ကုမ္ပဏီသုံးခု အကျိုးတူပူးပေါင်းဖို့ ပြောထားတာကို ကြားထဲမှာ ကိစ္စလေးတွေဖြစ်သွားတာနဲ့ပဲ အခုမှပဲ အကောင်အထည်ဖော်ဖြစ်တော့တယ်။ ဒီ့အတွက်လည်း ဦးလေးကပဲ အားနာရတော့မယ်။"

CEO ယွဲ့ဆိုလိုတဲ့ ကိစ္စလေးတွေဆိုတဲ့အကြောင်းအရာက ဘာကိုရည်ညွှန်းနေမှန်း သိလိုက်ရတဲ့ CEO ရှောင်နဲ့ ရိပေါ်မှာ မျက်နှာမသိမသာညှိုးကျသွားတဲ့ CEO ယွဲ့ကိုကြည့်ရင်း စိတ်မကောင်းကြ။

"ယွဲ့မင်ရီကို ဆုံးရှုံးလိုက်ရတဲ့အပေါ် ကျွန်တော်တကယ်ကို စိတ်မကောင်းပါဘူး။"

သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဖခင်ဖြစ်သူတစ်ဦးရဲ့ ရင်တွင််းကအပူကို အပြည့်အဝမဟုတ်ရင်တောင် အနည်းငယ်မျှတော့ ကိုယ်ချင်းစာပေးလို့ရတာမို့ ရိပေါ်လည်း အမှန်တကယ်ကို စိတ်မကောင်းကြောင်း ဆိုမိတယ်။ CEO ယွဲ့ကတော့ ခေါင်းအသာရမ်းပြလာတယ်။

"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ အတိတ်တွေအကြောင်းပြန်ပြောတော့ရော ဘာထူးတော့မှာတဲ့လဲ။ CEO ဝမ်ရဲ့ ပြဿနာတွေ တစ်ခါတည်းဖြေရှင်းနိုင်သွားတာကိုပဲ ဦီးလေးတို့က ဝမ်းသာပါတယ်။"

PSYCHO FRIEND (Season-2) (Completed)Onde histórias criam vida. Descubra agora