Part -2(Unicode)

2.5K 346 46
                                    

ခေါင်းစဉ်တပ်စရာ မရှိတဲ့ပဋိပက္ခတစ်ချို့ကို
အဖွဲ့အားလုံးက ရိပ်စားမိနေပြီးသားဖြစ်သည်။

ဒါပေမယ့်လို့ပေါ့.. ဒီတိုင်းကြီးထားပြီးထွက်သွားတာတော့ မဟုတ်သေးဘူးလေ။အနေရခက်လို့ရူးသွားမှာတောင်စိုးရသည်။
ဘဝဟာအသက်တောင်ခပ်ရဲရဲမရှူနိုင်။

ဒီအနေအထားမျိုးကြုံရလိမ့်မယ်လို့ အိမ်မက်ပင်မမက်ခဲ့ဖူး။တကယ်ဖြစ်လာမှ ရင်မဆိုင်ချင်လည်း ရင်ဆိုင်ရတော့မည့်အခြေအနေ။

Taehuyng ရဲ့ပါးနပ်မူ့တွေကိုသူချီးကျူးမိ
ပေမယ့် နောက်တစ်ခါဆိုရင်တော့
Hyung အတွက် တုံးချင်ယောင်ဆောင်ပေးရင် သိပ်ကောင်းမှာပဲ။

မူမမှန်တာ တွေကို Seokjin Hyung က
အကဲခတ်စပြုလာပြီမို့ practice room ထဲပြေးပုန်းကာမှ ကံတရားကကြံဖန်ပြီး
ကျဥ်းထဲကျပ်ထဲ တွန်းပို့လေခြင်း။

နံရံကိုမှီထိုင်ထားရင်း သူ့ မျက်လုံးအစုံကိုမှိတ်
ထားလိုက်သည်။

မဖွင့်ရဲတာဆိုရင်ပိုမှန်ပါလိမ့်မည်။
သူ့လိုလူကလေ ဒီကလေးသာသာကောင်လေးကို ရင်ဆိုင်ဖို့ကြောက်နေသတဲ့။ဟင့်အင်း မဟုတ်သေးပါ...သူကြောက်တာမဟုတ်ဘူး သူအားနာနေတာ။

အမြဲတမ်းအိပ်နေတာဟာမျက်လုံးတွေဖွင့်လိုက်တိုင်းနာကျင်ရလို့ပါ။ဒါကိုတော့ဖြင့် သူတစ်ယောက်ထဲသာ သိထားလိုက်တော့မည်။

ထိုအခိုက် သူ့အနားကိုရောက်လာတဲ့ခြေသံငယ်....။

အလွတ်ရတာပေါ့.....သိပ်ကိုမှတ်မိတာပေါ့။

သူဘယ်သွားသွားတကောက်ကောက်လိုက်ခဲ့ဖူးတဲ့ ခြေသံတွေကို သူမသိဘဲနေပါ့မလား။

ဖြစ်နိုင်မယ်ဆိုရင် ဟိုးအတိတ်က
သမင်မျက်လုံးလေးတွေနဲ့ Jeon Jungkook  ကိုပြန်ရှာတွေ့ချင်ပါသည်။

တဖြေးဖြေး နီးကပ်လာမူ့မှာ Min Yoongi
သွေးလေခြောက်ခြားနေရပြီ။
ဘာပြသနာမှ ထပ်မရှာလိုက်ပါနဲ့ JungKookရယ်။

ပစ်ပစ်ခါခါစကားတွေ၊​ရင့်ရင့်သီးသီးအပြုအမူတွေကမင်းနဲ့မှမထိုက်တန်ပဲ။

ခြေဆင်းထိုင်ထားတာမို့ ပေါင်ပေါ်၌
လေးလံသည့်အထိအတွေ့တစ်ခုရောက်ရှိလာသည်ကို Min Yoongi ခံစားလိုက်ရ၏။

Coral Conflict  Where stories live. Discover now