Part -6(Unicode)

1.4K 237 11
                                    

ဆေးရုံတွင် တစ်ညအိပ်ကာ လိုအပ်သောစစ်ဆေးမှုများအပြီး Hoseok အဆောင်သို့ပြန်ခွင့်ရသည်။စိတ်ဖိစီးမှုတွေ နှင့်ပင်ပန်းမူ့တွေကြောင့် မူးလဲသွား​ခြင်းဟု ဆရာဝန်က ကောက်ချက်ချသည်လေ။

ဆေးရုံဆင်းပြီးနောက် မြန်မာပြည့်ခရီးစဥ်အတွက် လုံးပမ်းရင်းနေ့ညတွေဟာ လျှင်မြန်စွာကုန်လွန်ခဲ့သည်။တစ်ရက်ပြီးတစ်ရက် နီးကပ်လာခဲ့သလို မနက်ဖြန်ဆိုလျှင်
မရောက်ဖြစ်တာ ၁၄ နှစ်ကြာပြီဖြစ်သော မြန်မာပြည်သို့ သူသွားရတော့မည်။

ဒီကြားထဲ၌ သူ့ကိုတစ်ခုခုပြောချင်၊မေးချင်နေကြသော်လည်းထိန်းသိမ်းနေသည့်
မန်ဘာတွေရဲ့အပြုအမူကို Jung Hoseok သတိထား မိပါသည်။သို့သော် သူမျက်နှာလွဲခဲပစ်သာနေခဲ့လိုက်ခဲ့လိုက်၏။

တကယ်ကို ခပ်တည်တည် နဲ့အရူးကွက်နင်းရတဲ့ နေ့ရက်တွေပါ။
ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်ဟူသောဆိုင်းဘုတ်ကို တွေ့လိုက်သည့်ခဏမှာမှာပင် ဇောချွေးကပြန်ချင်ချင်။

ဪ....မြန်မာပြည်နဲ့ ရေစက်မကုန်သေးဘူးပဲ။

သူ မြန်မာပြည်ကိုသွားရမယ်ဆိုတဲ့အကြောင်းအိမ်ကို အသိပေးလိုက်တော့ဖေဖေက ဖုန်းပြောနေရင်း အသံတိတ်သွားခဲ့သည်။

နောက်တော့

"သားအဆင်ပြေပါ့မလား"လို့တိုးတိုးလေးမေးရှာ၏။

သူအဖြေပြန်မပေးဖြစ်ခဲ့သလိုဖေဖေ့ရဲ့
မှာတမ်းတွေမှာပြတ်ရှရှဒါဏ်ရာတွေအတိုင်းသားပါပဲ။ဒေါသမောဟတွေမရှိတဲ့
ဆွေးဆွေးမြေ့မြေ့ ဖေဖေ့အနာတရတွေကို
အစဖော်သလိုဖြစ်သွားတယ်ထင်ပါရဲ့။

အဲ့​ဒီ​ညမှာ​ဖေဖေ ဒိုင်ယာရီရေးလောက်သည်။
နှင်းဆိုတဲ့ အမျိုးသမီးဆီကိုပေါ့။
မှတ်မိသလောက် ဖေဖေ့ဒိုင်ယာရီရဲ့
ပထမဆုံးစာမျက်နှာမှာ မြန်မာအက္ခတွေနဲ့
မြတ်နိုးရသော​နှင်း ဟု ရေးထားသည်။

မြတ်နိုးရသောနှင်းဆိုတဲ့အတိုင်းပါပဲ။ဖေဖေဟာ ထိုအမျိုးသမီးလေးကို ဘဝနဲ့ရင်းပြီး မြတ်နိုးခဲ့သည်။အသက်နဲ့ ထပ်တူချစ်ခဲ့သည်။ဒါကိုသူသာလျှင်အသိဆုံး။

အတွင်းဘက်ကစာတွေကတော့ကိုရီးယားလိုပါပဲ။ ဖေဖေဟာပျော်တဲ့နေ့တွေမှာဆိုဒိုင်ယာရီရေးလေ့ရှိသလိုပုံမှန်နေ့တွေနဲ့
စိတ်မပျော်ဘူးလို့ထင်ရတဲ့နေ့တွေမှာလည်းဒိုင်ယာရီရေးတက်သည်။

Coral Conflict  Where stories live. Discover now