နာကျင်နေပေမယ့် သူငိုချလို့လည်းမရ။
ရင်ထဲမှာတင်းကြပ်နေပြီး အသက်ရှူလို့ပင်
မဝချင်။လူက pratice roomရဲ့ ကြမ်းပြင်ပေါ်လှဲရင်း စိတ်တွေကိုတော့ ဟိုးအဝေးကြီးအထိ ခရီးနှင်ခွင့်ပေးထားလိုက်သည်။နားချင်ရာ နားပါစေတော့။"Jungkook ah''
ကိုယ့်အတွေးနဲ့ကိုယ် ဗလောင်ဆူနေခဲ့တာမို့
အခန်းထဲဝင်လာသူကို သတိမထားမိခဲ့။အသံပျော့ပျော့လေးနဲ့ ခပ်တိုးတိုးခေါ်သံကြားမှ လူကပစ္စုပ္ပန်ကိုသတိထားမိသည်။"Hyungက ဒီကိုဘယ်လိုရောက်လာတာလဲ''
"မင်းထီးမပါ ဘာမပါနဲ့ထွက်သွားတာတွေ့လိုက်လို့ မိုးမိနေမှာစိုးလို့......အဲဒါ....''
တစ်ဝက်တစ်ပျက်နဲ့တိမ်ဝင်သွားတဲ့အဖြေနောက်မှာ Jungkookရဲ့ရယ်သံခပ်ဟဟက ကပ်ပါလာသည်။လှောင်တာလား နာကျင်မှုတွေကိုဖုံးကွယ်ဖို့ရယ်တာလားမသိပေမယ့် jungkook ရှေ့မှာတော့ Jimin ရဲ့ခံစားချက်တွေကအမြဲသိမ်သိမ်ငယ်ငယ်ပါပဲ။
"Suga hyung ကိုစိတ်မကောင်းဖြစ်အောင်ထပ်မလုပ်ပါနဲ့တော့လား။ခုန Hyung တော်တော်လေးစိတ်တိုသွားတာ မြင်လိုက်တယ်။ဒီလိုတွေဖြစ်နေရတာ မင်းလည်းမပျော်ဘူးမို့လား ဟင်''
"ကျွန်တော့် ကိုကျ suga hyung ကိုစိတ်
အနှောင့်အယှက်မပေးပါနဲ့ဆိုပြီးHyung
ကိုယ်တိုင် ရော
ကျွန်တော့်ကိုလွှတ်ထားပေးလို့လား"ပက်ကနဲသောစကားလေးတစ်ခွန်းကလည်းသေလောက်အောင်နာကျင်ရပါသည်။သူလွှတ်ထားမပေးနိုင်တာက အတ္တတွေကြောင့်မဟုတ်ရပါပဲ စိတ်ပူလွန်းလို့ဆိုတာ ဒီကလေးကိုဘယ်လိုရှင်းပြရပါ့မလဲ.......။
Jungkook စကားကမသိရင်သူကပဲ
စိတ်အနှောင့်အယှက်လိုက်ပေးနေသလို
ပုံစံမျိုးနဲ့....။ဂရုဏာတွေကို ပေါ့တန်တန်သဘောထားလိုက်တာများ။
"Hyungက မင်းကိုစိတ်ပူလို့ပြောတာပါ kookie ရယ်။မင်းခံစားနေရတာတွေကို hyung နားလည်တယ်။ကိုယ်ချင်းလည်းစာပေးလို့ရပါတယ်။ဒါပေမယ့်
နေရာတိုင်းမှာ ကိုယ့်ဆန္ဒတစ်ခုထဲကိုပဲရှေ့တန်းတင်လို့မရဘူး Jungkookရဲ့ ။
တစ်ခြားသူဘက်ကိုပါ ကြည့်ပေးရမယ်လေ။အထူးသဖြင့် Hyung တို့ချစ်ရတဲ့သူတွေအတွက်ပေါ့''
YOU ARE READING
Coral Conflict