Part - 22(Unicode)

1.7K 238 59
                                    

တုန်ခါနေသော ဖုန်းကို ဆုပ်ကိုင်၍Park jimin တွေဝေနေသည်။ Han Chaw Hyung ဆေးရုံတက်နေသည့် ကာလ
တစ်လျောက်လုံး သူစိတ်မအေးခဲ့ရပေ။

စားလည်းဒီစိတ်၊သွားလည်းဒီစိတ်ဖြင့် တော်တော်လေးထိခိုက်ရသည်။
အိပ်ပျော်နေရင်း လန့်နိုးရသည်အထိ
လည်း သူ့မှာစိတ်မဖြောင့်။

ဒါတောင် JinHyung ကလူနာသတင်းမေးပြီး ကျန်းမာနေကြောင်းပြောပြ၍သာ ပေါ့ပါးသွားခဲ့တာ။မဟုတ်လျှင်"သူ့ကြောင့်" ဆိုသော အတွေးက ဆက်တိုက်ဖိစီးနေအုံးမှာပါ။

ဆေးရုံဆင်းပြီးကတည်းကသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ဆက်သွယ်လာသော Han Chaw Hyungကိုအရင်လိုစိမ်းစိမ်းကားမဆက်ဆံဖြစ်။တစ်ခုခုထပ်ဖြစ်မှာကိုစိုးသောကြောင့်ဖုန်းမကိုင်ဘဲလည်းမနေရဲခဲ့...။

ထို့အ​ပြင် သာမန်မိတ်ဆွေအဖြစ်ရင်းနီးသည့်အနေအထားတစ်ခုမှာ သူနေပေးခဲ့သည်။
ဒီထက်တော့ပိုခွင့်ပေးမှာမဟုတ်။
ဒါသူ့ကိုယ်ကျင့်တရား။ကလေးငယ်အပေါ်ထားသည့်သစ္စာတရားပါ။

ညစဥ်ဆက်သွယ်လာခြင်းတွေအပေါ်စိတ်ရှုပ်မိသော်လည်းအလိုက်အထိုက်နေပေးရုံမှတစ်ပါးရွေးချယ်စရာမရှိပေ။
အခုလည်းဝင်နေသည့်ဖုန်းကိုသူမကိုင်ချင်။

သို့ပေမယ့် သူအချိန်ဆွဲနေတုန်းရုတ်တရက် Jungkook နှင့်တိုးမှာစိုး၍ ရေချိုးခန်းထဲ
ဝင်ကာအဆက်မပြတ်တုန်ခါနေသောဖုန်းကိုကောက်ကိုင်လိုက်ရသည်။

"Hello "

"jiminna စားပြီးပြီးလား "

"ဟုတ်ကဲ့ စားပြီးပါပြီ "

"အခု ဘာလုပ်နေလဲ "

"ဟင့်အင်း ဘာမှမလုပ်ဘူး Hyung "

"အင်းပါ Hyung အခု Jimin တို့အိမ်ရှေ့မှာ"

"ထပ်ပြီးတော့ လား Hyung ။လူက ကျန်းမာသေးတာမဟုတ်ဘဲ ဘာလို့ ညဘက်ကြီး"

"ကားကကိုယ်မမောင်းပါဘူး ။ခါတိုင်းလိုပဲ
ကိုယ့်မန်နေဂျာလိုက်ပို့ပေးတာ။ကိုယ် Jimin ဆီသွားချင်တယ်ဆိုလို့လေ "

"ခက်လိုက်တာဗျာ "

"မခက်ပါဘူး Jiminရဲ့။ကိုယ်ညညဆိုခေါင်းကိုက်တာ အရမ်းပဲ။ Jimin တို့ အိမ်ရှေ့မှာ
ခဏနေလိုက်မှ သက်သာတယ်။အထူးသဖြင့်
Jimin နဲ့ဖုန်းပြောပြီးမှ ကိုယ်အိပ်လို့ရတယ်"

Coral Conflict  Where stories live. Discover now