Part -21(Unicode )

1.5K 226 62
                                    

TV Screen ပေါ်၌ မြင်နေရသည့် လူသားလေး၏အပြုံးတွေသည် အသက်ဝင်လှစွာ။
စက္ကန့်တိုင်း၊မိနစ်တိုင်း အထပ်အထပ်အခါ
ကြည့်နေရသော်လည်းရိုးမသွားပေ။
တစ်ခါကြည့်တိုင်းရင်တစ်ချက်အောင့်သည်။

"သိပ်ပျော်နေခဲ့တာပဲလား ကလေးလေး"

Screen ဆီမှ အကြည့်တွေအား ခဏတာ
ရုပ်သိမ်း၍ မျက်လွှာချလျှက် သူလည်း
ပြုံးမိသည်။အခန်းတစ်ခုလုံးမှာ အရက်ပုလင်းတွေရယ်၊ ဆေးလိပ်ဗူးတွေရယ်ဟာ
ဟိုတစ်စဒီတစ်စ။

သူ့မန်နေဂျာကတောင်သူ့ကိုပြန်ဆူနေပြီ။
ထမင်းစားဖို့ ချော့ကာမောကာ ပြောလာတိုင်းနားအေးသက်သာအောင် တစ်လုတ်၊နှစ်လုတ်စားပြီး
အရက်တွေချည်းဖိသောက်နေခဲ့သည်။

ရက်ပေါင်း ၁၀၀နီးနီးပေါ့။အခန်းထဲက
အခန်းပြင်မထွက်နိုင်တော့သလို
ဘယ်ဆုပေးပွဲမှလည်းမတက်ဖြစ်။

ခေါင်းစဥ် အမျိူးမျိုးနဲ့ သူ့အကြောင်း
သတင်းစကားတွေကလည်း ပြည်တွင်းမှာသာမကပြည်ပအထိပါ ပျံ့နှံလို့။

ကြီးကျယ်ခမ်းနားသည့် ဆုပေးပွဲတွေတစ်ပွဲ
မှမတက်တာကြောင့် ပြောစရာတစ်ခုလိုဖြစ်ရတာလည်းမဆန်းပေ။

အဖြစ်ကဒီလို......။

Park jimin တစ်ယောက် ဆိုးလ်ပြန်ရောက်
နေပြီလို့ ကြားကြားချင်း သူအပြေးတပိုင်း
ဆက်သွယ်ပေမယ့် ဖုန်းပြောဖို့တောင်
အခွင့်မရခဲ့။

၁၅ရက်ခန့်ကြာသည့်အခါ အင်တာနက်ပေါ်
ပြန့်နှံလာသော Video တစ်ပုဒ်။

G.C.F in Tokyo (Jungkook and Jimin) တဲ့လေ။

အဲ့ဒီတုန်းက ရိုက်ကွင်းမှာ မိတ်ကပ်ပြင်နေရင်းလက်စ။ Video တက်လာလာချင်း
ဦးနှောက်ကိုဝိုင်ယာရှော့ခ်
အရိုက်ခံလိုက်ရသလို
အသိအာရုံဟာဒိုင်းကနဲ​ပူထူသွားသည်။

သူအခေါက်အခေါက်အခါအခါကြည့်ခဲ့သည်။ဒါဟာ Jeon Jungkook နှင့်
အတူတူသွားခဲ့သော ခရီးစဥ်တစ်ခုအနေနဲ့
မဟုတ်ဘဲ။ ဘယ်သူဘယ်ဝါက
ရိုက်ကူးပေးခဲ့တာစသည့်ဖြင့် မတွေးနိုင်တော့ဘဲ လွတ်လပ်ပေါ့ပါးနေသည့် ပကတိ
ဖြူစင်မူ့လေးတွေအား
မြတ်နိုးစွာထိုင်ကြည့်ခဲ့သည်။

Coral Conflict  Where stories live. Discover now