Part -8(Unicode)

1.5K 241 48
                                    

ဒီနေ့ schedule သိပ်မများတာကြောင့် Jimin သည်ကုတင်ပေါ်၌လဲ၍ ဂိမ်းကို သာ
အသည်းအမည်းဆော့နေမိသည်။

အငယ်လေးနဲ့ suga hyung
က ဘတ်စကတ်ဘောသွားဆော့ကြတာမို့ ပြဿနာထပ်ဖြစ်ကြမှာစိုးရိမ်တဲ့စိတ်ကို
ဂိမ်း‌ဆော့ရင်းဖျောက်ထားခြင်းပင်...။

Hobi hyung ကလည်း TaeHyung ရဲ့ရုပ်ရှင်ရိုက်ကွင်းသို့ မုန့်ပို့ပေးရန်သွားနေသည်။

အခန်းထဲ၌သူ့ တစ်ယောက်တည်းရှိသည်မို့
ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးတွေကို
စုထပ်ရင်းမှီကာ ဒူးနှစ်ဖက်ထောင်လို့ သူ လွတ်လွတ်လပ်လပ် နေဖြစ်သည်။
>>>>>>>

တံခါးခေါက်မယ်ကြံပေမယ့် လက်ကိုင်ကို
လှည့်ကြည့်တော့ လော့မချထားပေ။ထို့ကြောင့် Jungkook ဒီတိုင်းသာအခန်းထဲဝင်လာလိုက်သည်။

အပြင်မှာထဲက ကြည်မလာတဲ့
စိတ်တွေဟာ အခန်းထဲက
Hyung အသေးလေး၏ နေပုံထိုင်ပုံကိုမြင်ပြိး ပိုမိုနောက်ကျိသွားရပြန်သည်။

တံခါးဘက်ကို လှည့်လို့ ခြေထောက်တွေကိုထောင်ကာဂိမ်းဆော့နေတဲ့ jimin hyung ဟာ ဘယ်လိုတွေနေနေတာလဲ။

ပြီးတော့ ဝတ်ထားတာက
ပေါင်လည်လောက်ပဲရှိတဲ့Short pant အနက်လေးနဲ့ စွပ်ကျယ်ဂျိုင်းပြတ်အဖြူရောင်လေးရယ်။

ခြေထောက် ကိုထောင်ထားတာကြောင့်
ဘေးဘီတိုလေးက ပေါင်ရင်းထိလိပ်တက်နေကာ အင်္ကျီကလည်း
ကြီးလွန်းနေတာကြောင့်ဖရိုဖရဲ....

"Hyung ''

ခပ်ဆတ်ဆတ်ခေါ်ချလိုက်တဲ့အသံကြောင့် ဖုန်းကိုကျော်ကြည့်လိုက်တော့ Jungkook ကအခန်းထဲရောက်လို့ဖြင့် သူ့ကုတင်စွန်းမှာဝင်ထိုင်နေပြီ။

"Jungkook ပြန်တောင်ရောက်လာပြီလား''

"Omm''

အပေါ်က ထပ်ဝတ်ထားသည့် ရေညှိစိမ်းရောင် Hoodie ပွပွကိုချွတ်လိုက်ပြီး
မျက်ခုံးတန်းတို့ကိုစုကျုံ့ကာ ကြမ်းပြင်ကိုစိုက်ကြည့်နေရင်း ဆိုလာပုံထောက် တစ်ခုခုတော့ဖြစ်လာခဲ့ပြီမှန်း သူတပ်အပ်သိလိုက်သည်။

"ရန်ဖြစ်လာကြပြန်ပြီလား ''

သူစိတ်မောစွာမေးမိတော့ ခပ်ယဲ့ယဲ့ပြုံရင်း
"ဖြစ်နေကြပဲလေ ထူးဆန်းနေလို့လား'' ဟု ဘုတောလေသည်။Jiminလည်း မှီထားနေရင်းမှ ကိုယ်ကိုမတ်လိုက်ကာ ''ဖြစ်နေကြပဲဆိုရင် မျက်နှာကဘာလို့ အဲလိုဖြစ်နေရတာလဲ ''လို့ပြန်စွာလိုက်တော့ သူ့ကိုစူးရဲစွာ ကြည့်လာပြန်သည်။သက်ပြင်းတစ်ချက်ချကာ မကျေမနပ်ဖြစ်နေပုံက ပြဿနာတော်​တော်ကြီးလို့ဖြစ်မှာပဲ။

Coral Conflict  Where stories live. Discover now