"Jimin na "
ခေါ်သံနှင့်အတူ
အခန်းထဲဝင်လာသူက Kim TaeHyung။"လာလေ ထယ် "
ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး သူ့အနား
ဝင်ထိုင်ရန် ကြိုဆိုလိုက်တော့ ကုတင်ပေါ်
တက်လှမ်းလာသည်။"ငါ ဒီည မင်းနဲ့ အိပ်ချင်လို့ ဖြစ်ရဲ့လား "
"ဖြစ်တာပေါ့ "
မျက်နှာလည်းမကောင်းသည်မို့ နဖူးပြင်ပေါ်ဝေ့ဝဲကျနေသည့် ဆံနွယ်တစ်ချို့ကို
သပ်တင်ပေးရင်း ဘာဖြစ်နေသလဲ
အကဲခတ်ရသည်။ ထိုစဥ် ထယ့်နဖူးမှ
အပူငွေ့တစ်ချို့
သူ့လက်ချောင်းတွေပေါ်ထိခတ်သွားသည်။"ကိုယ်တွေပူနေပါလား "
စိုးထိတ်စွာသော သူ့အမေးကို ခေါင်းငြိမ့်ရင်း
ရင်ခွင်ထဲဝင်တိုးလာသည့်ထယ်ဟာ
တစ်ခါတစ်လေ
ဤကဲ့သို့လည်းကလေးဆန်၏။"ဒီလောက်ကိုယ်တွေပူနေတာကို ဘယ့်နှယ့်ကြောင့် အခုမှ လာပြောရတာလဲကွာ"
" ငါ မင်းကိုအားနာလို့ပါ "
"ဘာအားနာစရာလိုလဲ ထယ်ရယ်။မင်းနဲ့ငါကြားမှာ အဲ့ဒါတွေလိုလို့လား။
ခက်လိုက်တာဒီကလေးက"ကျောပြင်ကို ဖြေးဖြေးပုတ်၍ကိုယ်ငွေ့ဖြင့် နွေးနေသည့်
ခန္ဓာကိုယ်လေးကို ဖက်ထားပေးလိုက်သည်။"Hyung "
ဒါ ထယ် ဝမ်းနည်းအားငယ်လျှင်ခေါ်တက်
သည့်နာမ်စား။အသံဟာခပ်တိုးတိုးလေး။"အင်း ငါရှိတယ်။ပြောပါအုံး။
ဘာတွေများခံစားနေရလဲ "" နေမကောင်းတော့ငိုချင်နေတယ်။အိမ်လည်းပြန်ချင်တယ်။အလုပ်ကလည်း ပင်ပန်းတယ်။ထမင်းစားရတာလည်း မကောင်းဘူး။
ဒီရက်ပိုင်းဘာတစ်ခုမှ အဆင်မပြေဘူး "ဟုတ်တာပေါ့။ စက်ရုပ်တစ်ရုပ်လို
မနားတမ်းလည်ပတ်နေရတဲ့ဘဝတွေလေ။
ထယ် ပြောတာလည်း
တစ်ခုတစ်လေတောင်မမှား။"စားချင်တာရှိရင်ပြောနော်။ ငါအခုလုပ်ပေးမယ်။ဆေးကော သောက်ထားရဲ့လား "
"ဘာမှမစားချင်ပါဘူး။ဆေးကသောက်ပြီးပြီ။ခဏလောက်အိပ်ချင်တာတောင်
မျက်ရိုးတွေကိုက်နေလို့အိပ်မရဘူး "
YOU ARE READING
Coral Conflict