Part -1(Unicode)

11.6K 583 47
                                    

Wherever you go~~
Whatever you do~~
I will be right here waiting for u~~~~

တငြိမ့်ငြိမ့်ပျံ့လွင်နေသော သီချင်းသံသဲ့သဲ့
နှင့်အတူအိပ်ယာပေါ်လှဲရင်း Park jiminသည် အကြောင်းအရာတစ်ချို့အားစဉ်းစားနေသည်။

ဘယ်နေရာကနေစ၍လွဲမှားခဲ့မှန်းမသိ ...ဘယ်အချိန်မှစ၍ အံတွေလွဲချော်ခဲ့မှန်း
သူတကယ်ပင်စဉ်းစားလို့မရ။

ချစ်မိသည်ကို မချစ်ပါနဲ့ ဆိုပြီး ခံစားချက်တွေကို တားမြစ်လို့မရမှန်း သူသာအသိဆုံးမို့
တားလည်းမတားရက်ခဲ့။
ဒါပေမယ့် ဒါပေမယ့်လည်းလေ သူကကော...။

'ချောက်' ခနဲတံခါးဖွင့်သံနှင့်အတူ တံခါးဘောင်မှာမှီရပ်လိုက်သည့် အရိပ်ကြောင့် jimin ကျောလေးတောင့်ခနဲဖြစ်ကာ ထထိုင်လိုက်မိသည်။

"Jungkookha"

Jiminနှုတ်မှ ခေါ်သံခပ်တိုးတိုးလေးထွက်ပေါ်လာသည်နှင့် ကုတင်ပေါ်သို့
တက်လှမ်းလာသူသည် သက်ပြင်းရှိုက်ကာ​​
ဖုန်းကို အိပ်ယာထဲပစ်ချ၏။

" Hyung က အိပ်တောင်အိပ်နေပြီလား"

"ဘယ်ကသာ ဒီလိုပါပဲ။ Kookie ရော ညစာ
စားပြီးပြီလား"

"ဟင့်အင်းမစားရသေးဘူး Hyung "

Jimin၏လက်တို့သည် နဖူးပေါ်ကျနေ
သည့်Jungkook၏
ရှေ့ဆံပင်အုပ်အုပ်လေးကိုသပ်တင်ပေးရင်း

"စောစောစီးစီး စားမှပေါ့ ညဉ့်နက်မှစားရင်အစာမကြေဖြစ်မယ်၊
Hyung ဘာလုပ်ပေးရမလဲ"

"မလုပ်ပေးနဲ့ Hyung ။ကျွန်တော်မဆာတော့ဘူး။စားချင်တဲ့စိတ်လည်းမရှိဘူး"

"အဲ့ဒါဆိုလည်း ညကြဗိုက်ဆာရင် Hyung
ဆီလာပြောနော် သိလား"

"ဟုတ်ကဲ့ Hyung "

"မျက်နှာလေးညိုးနေသလိုပဲ။မဟုတ်မှလွဲရောတစ်ခုခုများ"

Jimin၏ စကားတို့​အဆုံးမသတ်ခင်၌ပင်

"ကျွန်တော်က
မုန်းစရာကောင်းနေလားHyung "

"ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားမျိုးလဲကွာ။
Hyung ဖြင့်ချစ်လို့တောင်မဝနိုင်တာ။နေစမ်းပါဦးအခု ဘယ်သူကဘာပြောလိုက်လို့လဲ"

"ဘယ်သူမှဘာမှမပြောပါဘူး ဒီလိုပါပဲ။
ဒါပေမယ့်ကျွန်တော့ကြောင့် နဲ့
V Hyung နဲ့Suga Hyung
စကားအချေအတင်တွေဖြစ်သွားတယ်"

Coral Conflict  Where stories live. Discover now