Part-12(Unicode)

1.5K 210 33
                                    


"Jungkook သိလား။ သူကတစ်ယောက်တည်းနေရမှာကိုသိပ်ကြောက်တာ"

သက်ပြင်းတွေ တောက်လျှောက်ချနေသော
jungkook ကMin Yoongi၏အတိတ်နောက်ကြောင်းကြောင့် စိတ်ထိခိုက်သွားတဲ့ပုံ။
သို့သော်ဒီနေ့မှာတော့ စကားကုန်ပြောမှ
ဖြစ်မည်။ ဒီထက်ပိုပြီးမြိုသိပ်ထားရင်
လူလည်း ရူးသွားဖို့ပဲရှိတော့မည်။

"ဒါပေမယ့်လည်း
Hyung သူ့ဆီကို ခဏခဏမလာနိုင်ခဲ့ဘူး"

"သူဆုံးပြီး လေးနှစ်ကျော််တဲ့အထိHyungမှာ
စိတ်နဲ့ပက်သက်ပြီးတော်တော်လေးကိုကုယူခဲ့ရတယ်။ဆေးကုယူရင်းပဲ သူ့ဆန္ဒအတိုင်း
Music ကိုဇောက်ချလုပ်ဖို့ရုန်းကန်ခဲ့ရတယ်"

"Hyung ဂစ်တာလေးကို သူနဲ့အတူ
မြှုပ်ပေးခဲ့တယ် ။ သူက အဲ့ဒီဂစ်တာလေးကို
သိပ်သဘောကျတာ"

"သူက Westlife ရဲ့အမာခံပရိတ်သက်လေ။
သူ့အခန်းထဲမှာ Westlife ရဲ့ပိုစတာတွေ၊
Album တွေအများကြီးရှိတယ်။

"တစ်ခါလောက်ပဲ ဖြစ်ဖြစ် Westlife ရဲ့ Concert ကိုကြည့်ခွင့်ရချင်လိုက်တာလို့ လည်းတဖွဖွပြောတက်တယ်ဒါပေမယ့်...."

Suga Hyung က စကားကိုဖြေးဖြေးလေး
ဖျက်ချလိုက်သည်။ပါးပြင်ပေါ်လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေက
Hyung ရင်ဘက်တွေအထိစိုရွဲနေ၏။

"သူ့အခန်းကိုဝင်ပြီးစစ်ဆေးကြတော့
Albumတွေရိုက်ချိုးခံထားရတယ်။
နံရံက ပိုစတာတွေလည်း စုတ်ဖြဲခံလိုက်ရတယ်။အဲဲဒီနံရံတွေ ပေါ်မှာ ပဲ
သူသေသွားခဲ့ရင် ဒီနေရာလေးမှာမြှုပ်နှံပေးပါဆိုပြီး စာရေးခဲ့တယ်"

ကြားရသမျှဟာစိတ်သက်သာစရာမရှိပါ။
Suga Hyung ဆိုလည်းတစ်ကိုယ်လုံးသွေးမရှိတဲ့အတိုင်း။အားတင်းပြီးဖွင့်ဟနေပေမယ့် တကယ်ကပြိုလဲချင်ချင်....။

"သူမြတ်နိုးတဲ့အရာတွေအကုန်ပျက်စီးသွားရတာ။မုန့်ဖိုးလေးတွေစုပြီး ရင်ထဲအသည်းထဲအထိသူတွယ်တာခဲ့ရတဲ့အရာမှန်သမျှက
နေ့ချင်းညချင်းအမှိုက်ဘဝရောက်သွားခဲ့တာ"

Suga Hyung က မြေပြင်ကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်လေသည်။ဟက်တပ်ကွဲနေတဲ့
ဒါဏ်ရာထဲမှာတော့ သဲတွေဟာအပြည့်အဝ။

Coral Conflict  Where stories live. Discover now