Part -7(Unicode)

1.4K 225 33
                                    

"Hyung Hyung  ထတော့ ကျွန်တော်တို့ပြန်ဖို့ပြင်ဆင်ရအောင်"

"ဟင် Jimin na "

နှိုးစရာပင်မလိုဘဲ အစောကြီး
နိုးနေသည့်Park jimin ကိုသူ့မှာတအံတဩ။ခါတိုင်းဆို တစ်ခါနှိုးလည်းမထ၊ နှစ်ခါနှိုးလည်းမထသည့် ကောင်ငယ်လေးဟာ ဒီနေ့မှာတော့
ထူးထူးခြားခြားသူ့ကိုပြန်နှိိူးနေ၏။ကလေးတွေဟာပြောင်းလဲလွယ်တက်သား။

"ရေချိုးတော့လေ Hyung ။ကျွန်တော်တောင်အားလုံးပြင်ဆင်ပြီးပြီ"

သူအိပ်မှူန်စုံဝါးဖြင့်အကဲခတ်လိုက်တော့
Park jiminဟာတကယ်ကိုအဆင်သင့်ဖြစ်နေတဲ့အနေအထား။သူအိမ်မက်တွေ
များမက်နေသလား။ ပြင်ဆင်ရေးတွေမပြီးနိုင်လို့ အားလုံးဝိုင်းပြောရတဲ့ Park jiminမှဟုတ်ရဲ့လား။အင်း...ဆိုးတော့
မဆိုးဘူးဘဲ။ဒီကောင်လေးလိမ်မာနေပြီ။

"အင်းအင်း ။Hyung ရေချိူးအုံးမယ်"

"ဟုတ်ကဲ့ပါဗျာ"

သီချင်းလေးတညဥ်းညဥ်းဖြင့်
သူ့ပစ္စည်းတွေကိုပါ ကျကျနနသိမ်းဆည်းပေးထားသည်မို့ ဒီနေ့ဟာကျားသားမိုးကြိုး။ Park jimin တစ်ယောက်ရာသီဥတုအပြောင်းအလဲမှာဖျားသွားပြီလို့တောင်ထင်မှတ်ရသည်။

Jung Hoseok အဝတ်အစားတွေအကုန်ချွတ်ချလိုက်သည်။ ရေပန်းအောက်ထဲဝင်ပြီး ခေါင်းကနေ ချိုးချပစ်လိုက်ရင် မေမေနဲ့ဖြစ်ခဲ့သည့် အထေ့အငေါ့တွေ သူ့ဦးနှောက်ထဲက ပျောက်ကွယ်သွားနိုင်လောက်ပါရဲ့။

ခေါင်းလျှော်ရည်နဲ့ ဆံပင်တွေကို လျှော်ပြီး ရေဖွင့်ချလိုက်တဲ့အခါ ဆပ်ပြာအမြုပ်တွေဟာ သူ့ကိုယ်ပေါ်နေရာအနှံ။ဒီရာသီဥတုနဲ့ဝေးကွာခဲ့တာ ဆယ်စုနှစ်ကျော်လွန်ခဲ့ပြီမို့
အခုထိ နေသားမကျနိုင်သေး။အကြာကြီးဇိမ်ခံရေချိူးနေပေမယ့် ​ပြင်ပ ခန္ဓာကိုယ်ဟာရေကိုထိတွေ့လိုချင်နေတုန်းပဲ။သို့သော် ဒီထပ်ပိုပြီးအချိန်ဆွဲလို့မဖြစ်။လက်စသက်လိုက်ရတော့မည်။

ရေပန်းခလုတ်ကိုပြန်ပိတ် ပြီး ပဝါတစ်ထည်ကောက်ပတ်လိုက်သည်။Bathrobeတောင်မဝတ်ဖြစ်​ပေ။
အခန်းအပြင်ရောက်သည့်အခါ Park jiminကခြေလေးချိတ်ကာ ဖုန်းအသုံးမပြတ်။သူ့ကို တစ်ချက်သာကြည့်ပြီးအာရုံတွေက ဖုန်းဆီမှာပဲအသည်းအမည်းရောက်ရှိနေသည်။

Coral Conflict  Where stories live. Discover now