Part -26(Unicode)

1.6K 198 97
                                    

အိမ်ဧည့်ခန်းအတွင်း၌ အဖွဲ့ခေါင်းဆောင် Kim namjoon ၏ စကားသံမှလွဲ၍ ကျန်အဖွဲ့ဝင်များအသံကို မကြားရ။အကြောင်းအရင်းမှာ malta သို့ ပရိုဂရမ်တစ်ခုသွားရောက်ရိုက်ကူးရမည်ဖြစ်ကြောင်း
ရှင်းပြနေသောကြောင့်ဖြစ်သည်။

"ဒါဆို ကျွန်တော်တို့က ဟိုရောက်ရင် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ ခွဲပြီး
သွားရမယ်ထင်တယ်ဟုတ်လား Hyung  ''

"ဟုတ်တယ် Tae ။ ပေါ့ပေါ့ပါးပါး mission လေးတွေလည်းလုပ်ရင်း malta ရဲ့အထင်ကရနေရာတွေကိုလည်း
လည်ပတ်ရမဲ့သဘောပဲ ''

Taehyung ၏အမေးကို Kim namjoon ကပြန်ဖြေရင်း ထပ်ရှင်းပြတော့ အဖွဲ့ဝင်အားလုံးက ခေါင်းငြိမ့်လျက် နားလည်ကြောင်းပြလိုက်ကြသည်။

" ဒါဆို ခရီးက ဘယ်တော့တဲ့လဲ Hyung ''

"နောက်တစ်ပတ်အတွင်းဖြစ်လိမ့်မယ် jungkook ။Bang PD တို့စီစဥ်ထားတာ​တော့ ကြာပြီပြောတယ်။ဆိုတော့ ခရီးထွက်ဖို့ကို Hyung တို့ဘက်က သဘောတူပြီးတာနဲ့ မြန်မြန်ထွက်ရလိမ့်မယ်ထင်တယ်။
လိုအပ်တာ ကြိုပြင်ထားကြပေါ့"

ပြောစရာရှိတာပြောပြီးသည့်နောက် သက်ဆိုင်ရာအခန်းတွင်းသို့ အသီးဝင်ရောက်ခဲ့ကြရာဝယ် Jungkook သည် Jimin အခန်းသို့လည်းကောင်း Suga သည် Hoseok အခန်းသို့လည်းကောင်းလိုက်ပါသွားခဲ့လေသည်။

"ခရီးမထွက်ရတာကြာပြီမို့လို့လားမသိဘူး။ ရင်တောင်နည်းနည်းခုန်နေတယ်"

Jimin ၏အပြောအား ခပ်ပြုံးပြုံးနားထောင်ရင်း Jungkook က ရုတ်တရက် လက်ကိုလှမ်းဆွဲလျက်
သူ့ပေါင်ပေါ်သို့ဆွဲချလိုက်သည်။

"မှန်း..ကျွန်တော့် Hyung ရင်ခုန်နေတဲ့အသံကို နားထောင်ရအောင်''

"ဒီကလေးလေးကတော့ ပေါက်ပေါက်ရှာရှာတွေပြောပြီ အား..ယားတယ်လို့ လွှတ်စမ်း Jeon Jungkook အဟား..ကလေး
​ယားတယ်လို့ လွှတ်ပါဆို''

ရင်ခွင်ထဲတိုးရင်း ခေါင်းနဲ့ပွတ်လိုက် လည်တိုင်တွေဆီနှုတ်ခမ်းနဲ့ နမ်းလိုက်လုပ်နေသော Jungkook ကိုအတင်းတွန်းလွှတ်ရင်း အော်နေသည့် jimin ၏အသံစွာစွာက အခန်းတွင်းပျံ့နှံ့လျက်။
နေ့ရက်တွေတိုင်းဟာ အမြဲတမ်း ဤသို့ဤနှယ် သာယာနေလိမ့်မည်ဆိုပါလျှင်။

Coral Conflict  Where stories live. Discover now