part-10(unicode)

1.5K 215 20
                                    

ရက်သတ္တပတ် များစွာလွန်မြောက်ပြီးနောက်

***
ကြိုးစားအားထုတ်မှုဆိုတာအောင်မြင်မှုနဲ့တိုက်ရိုက်အချိုးကျနေမယ်ဆိုရင် သူတို့ရဲ့ ကြိုးစားမှုတွေအရာထင်လာခဲ့ပါပြီ။

ပင်ပန်းခက်ခဲစွာ ရိုက်ကူးတင်ဆက်လိုက်
သည့် Music Videoတိုင်းဟာအောင်မြင်မှု၏
အထွဋ်အထိပ်ကိုတက်လုနီးပါး။

ဆုတံဆိပ်ပေါင်းမြောက်များစွာက သူတို့ကျခဲ့ရတဲ့ ချွေးတွေနဲ့မျက်ရည်တွေရဲ့
သက်သေပါပဲ။

ဝုန်းကနဲထတောက်တဲ့ မီးတောက်ကြီးမဟုတ်ပေမယ့်ဖြေးဖြေးချင်းတမြေ့မြေ့နဲ့
လောင်ကျွမ်းနေတဲ့ မီးစငယ်​လေးတွေပါ။

အခုလည်း Music Video တစ်ပုဒ်အတွက်
သေသေချာချာ အားစိုက်ကာအဆိုအက
အ​ပြင် သရုပ်ဆောင်ပိုင်းကိုပါ အလေးထား
ပြီးရိုက်ကူးနေကြရသည်။

ဒီနေ့အဖို့ရိုက်ကူးရေး ပြီးသွားတဲ့အခါ
ပင်ပန်းလွန်း၍ ဧည့်ခန်းရှိဆိုဖာပေါ်တွင်
လှဲလျောင်းရင်း
jungkook တစ်ယောက်အနားယူနေသည်။
ရေမိုးချိုးရန် အတွက်ကိုယ့်အခန်းကိုယ်တောင်မပြန်နိုင်သေးပါ။

ထိုစဥ် မီးဖိုချောင်၌ အသံတစ်သံကြား၍
သူလေးပင်စွာ ထကြည့်လိုက်မိ၏။

"V Hyung "

"အင်း အငယ်"

V Hyung က သူ့ကိုလှည့်မကြည့်ဘဲ
ဟိုဖွင့်ဒီဖွင့် ဟိုရှာဒီရှာ နှင့် ထူးသည်။

"ဘာလုပ်နေတာတုန်း"

"Hyung ကော်ဖီမှုန့်ရှာနေတာ
ကော်ဖီဖျော်မလို့ "

"ဟမ် Hyung ကကော်ဖီသောက်မလို့လား"

"မဟုတ်ဘူး။ jimin လေကော်ဖီသောက်ချင်လိုက်တာ ဆိုပြီးညဥ်းနေလို့"

"သြော်...အဲ့ဒါပဲဝယ်ပေးလိုက်ရင် ပြီးရော
ပေါ့ "

"မှာနေရင်ကြာမှာစိုးလို့ အငယ်။အာ..ဒီမှာတွေ့ပြီပဲ။နီးနီးလေးနဲ့ကပ်ဝေးနေတယ်"

V Hyung ကကော်ဖီ ၆ခွက်ဖျော်သည်။
ပြီးနောက်
ခွက်သေးသေးလေးတစ်ခွက်ထဲတစ်ငုံစာလောက်ထည့်ပြီးမြည်းသည်။

သူလိုချင်တဲ့
အရသာမျိုးကွက်တိကျသွားသည့်အခါ
တစ်ချို့ခွက်ထဲကိုရေခဲတုံးလေးတွေ
ထည့်ပြီး တစ်ချို့ခွက်တွေကိုတော့
မထည့်ပါ။

Coral Conflict  Where stories live. Discover now