Part -14(Unicode)

1.5K 209 53
                                    

ညက ဆေးသောက်ပြီးအိပ်ပျော်သွားတာကြောင့် မနက်စောစောမှာသူနိုးလာခဲ့သည်။

ခါတိုင်းလို အေးစက်စက်မဟုတ်ဘဲ
နွေးထွေးစွာနိုးလာတာကြောင့်
မျက်လုံးတွေအား ဖွင့်ကြည့်လိုက်၏။

ထိုအခါသူ့ဘေး၌ အပြစ်ကင်းစွာ အိပ်ပျော်နေသော ညီငယ်လေး။

တစ်ပတ်မှာ ငါးရက်လောက် သူ့ဆီလာအိပ်နေကျကောင်လေးဟာအခုနောက်ပိုင်း သူ့ဆီကိုသိပ်မလာတော့။အင်း..... မလာတော့တာမဟုတ်ပါဘူး။ကိုယ်ကပဲ အကြောင်းပြချက် လှလှလေးတွေနဲ့ ရှောင်ဖယ်ခဲ့မိတာ။

တကယ်တမ်းကျ
မခိုလှုံရတာကြာပြီဖြစ်တဲ့ဒီနွေးထွေးမှုလေးကို သူလွမ်းခဲ့တာပါ။

လက်တစ်ဖက်ကို သူ့အားခေါင်းအုံးစေပြီး နောက်လက်တစ်ဖက်က ခါးကိုပွေ့လို့သူ့ဘက်လှည့်အိပ်ပျော်နေတဲ့ Jungkook
ကို တမေ့တမောငေးကြည့်မိသည်။

ပါးကခေါင်းအုံးနဲ့ကပ်နေတာကြောင့် ပါးစပ်ကလေးဟကာ အိပ်ပျော်နေသူသည် သူရဲ့
တစ်ဦးတည်းသော ရွှေရင်အေးလေး။
အိပ်နေပုံက တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်း။

Jungkook အိပ်နေတာကိုခိုးကြည့်နေရင်းသူ
အသဲတယားယား ဖြစ်နေမိသည်။

"ငါတို့ရဲ့ ယုန်ပေါက်ကကလေးလေးလိုပဲ။ဘယ်အချိန်ကြည့်ကြည့်
အမြဲ တမ်းချစ်ဖို့ကောင်းတယ်"

Jimin မနေနိင်စွာ ပါးစပ်ကထုတ်ပြောမိသည်အထိ ထိုကလေးဟာ ချစ်စရာကောင်းလွန်းနေသည်။Jungkook ၏ကိုယ်သင်းနံ့လေးကိုရှူရှိုက်ရင်းရင်ခွင်ထဲ ပိုတိုးကာ ရင်ငွေ့
နွေးနွေးကို နှလုံးသားထဲအထိရောက်အောင် သိမ်းဆည်းနေမိသည်။

Jungkook မသိတဲ့အချိန်လေးခဏတော့
ရင်ထဲကခံစားချက်တွေအပေါ် ရိုးသားခွင့်ပြုပါဗျာ။

***

Jungkook တစ်ယောက် တစ်ညလုံးကောင်းကောင်း မအိပ်ဖြစ်။ရင်ခွင်ထဲကအစ်ကိုသေးသေးလေး မသက်သာမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်နေခဲ့တာ။

မိုးလင်းခါနီးမှ သူ မှေးခနဲ အိပ်ပျော်သွား
ရသည်။

သို့သော် နှစ်ခြိုက်စွာတော့မဟုတ်။ရင်ခွင်ထဲကအကောင်ပေါက်လေးက လှုပ်လီလှုပ်လဲ့ လုပ်နေတည်းက သူနိုးနေခဲ့ပါသည်။

Coral Conflict  Where stories live. Discover now