Part- 19(Unicode )

1.9K 215 68
                                    

အမူးလွန်၍ အိပ်ပျော်သွားသူလေးကို အိပ်ယာပေါ်အသာအယာချလို့ သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပေးလိုက်ပြီး ကိုယ်ပေါ်သို့စောင်လွှမ်းပေးလိုက်သည်။ထို့နောက် လွတ်နေသော ဘေးဘက်မှာ ဝင်လှဲလိုက်ရင်း လက်ထောက်ကာငေးနေမိ၏။ဖြူစင်သည်။အားနာတတ်သည်။

လူတိုင်းကို စိတ်ရင်းနဲ့ခင်မင်တတ်သည်။
ထိုကဲ့သို့အကျင့်ဆိုးလေးတွေကို
သူဘယ်နည်းဘယ်ပုံ သွန်သင်ပေးရမလဲ
မသိတော့။
အထိခိုက်မခံနိုင်ပါဘူး Hyung ရယ်။
နည်းနည်းလေးတောင်မှပေါ့။

"တကယ်တော့ Hyung ကိုဝန်ခံစရာရှိတယ် သိလား''

အိပ်ပျော်နေသူက ပြန်မဖြေလာမှသိသော်လည်း ရင်ဖွင့်ချင်သူက မေးခွန်းလေးနဲ့ အစပျိုးလိုက်သည်။

"မနေ့ညက ကိစ္စတွေကို ကျွန်တော် နားလည်ပါတယ်လို့ ပြောခဲ့ပေမယ့်လေ Hyung...တကယ်က ကျွန်တော်ငိုခဲ့သေးတာ"

"ကျွန်တော် Hyung ရှေ့မှာ သန်မာပြဖို့ ဘယ်လောက်ထိပြိုလဲခဲ့ရမယ်လို့ Hyung ထင်လဲဟင်''

"ဘာမှမဖြစ်ပါဘူးလို့ရင့်ကျက်ပြလိုက်ဖို့ ကျွန်တော် အကြိမ်ကြိမ် ပြိုလဲခဲ့တာHyung။ ရေချိုးခန်းထဲမှာကြိတ်ငိုရတယ်။ဝရံတာမှာလည်း တစ်ညလုံးထိုင်ဖြစ်ခဲ့သေးတယ်''

"နောက်ဆုံးမှာ ကျွန်တော် ကလေးမဆန်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ကျဥ်းထဲကျပ်ထဲကနေ အလိုမတူဘဲစိတ်ဆင်းရဲနေရတဲ့ Hyung ကို ကျွန်တော့အတွက်နဲ့ပါ ထပ်ပြီးမနာကျင်စေချင်တော့ဘူး''

"ပြီးတော့လေ ဒီမွေးနေ့ကစလို့ ကျွန်တော်
ကာကွယ်ပါ့မယ်။နောက်နှစ်ပေါင်းများစွာအထိပေါ့။Hyung ကတော့ ကျွန်တော့်ဘေးမှာ ဖြူဖြူစင်စင်နဲ့ ရယ်မောပေးပါ။ကတိပေးမယ်မလား Hyung "

"အဟင်း...အိပ်နေတာလေးက ဘာလို့ ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲကွာ''

အပူအပင်ကင်းစွာ အိပ်ပျော်နေသူလေး၏ ခေါင်းကို ခပ်ဖွဖွလေး သပ်ပေးရင်း Jungkook တစ်ယောက် ပြုံးနေမိသည်။ဒီအစ်ကိုသေးသေးလေးကို ဘယ်သူ့ကိုမှမပေးနိုင်တော့တာမို့ ဒီနေ့ကစပြီး သူအတတ်နိုင်ဆုံး
စောင့်ရှောက်တော့မှာ။

Coral Conflict  Where stories live. Discover now