Part -17(Unicode)

1.6K 227 93
                                    

လေဆိပ်အထွက်မှာကတည်းက အဖွဲ့နာမည်အား အော်ခေါ်လို့ လမ်းတစ်လျှောက် အော်ဟစ်အားပေးကြတဲ့ အသံတွေကိုကြားနေရသည်။ဒါဟာသူတို့အတွက်
တကယ့်ကို
အားဆေးသွင်းခံလိုက်ရသလိုပါပဲ။

ဘာရယ်မဟုတ် အတိတ်ကနေ့ရက်တွေဆီကို Namjoon တစ်ယောက် ခဏတာ ပြန်ရောက်သွားခဲ့ရသည်။လွန်ခဲ့တဲ့နှစ်တွေတုန်းက အခုလိုပဲ ပြည်ပ ရှိုးပွဲလုပ်ဖို့ သူတို့ကိုယ်တိုင်လက်ကမ်းစာစောင်လိုက်ဝေခဲ့ရတဲ့နေ့တွေကို သူမမေ့နိုင်ပါ။

အစစအရာရာ အောက်ခြေကနေစ ကြိုးစားခဲ့ရပေမယ့် မရှက်ပါဘူး။ဒါတွေဟာ တစ်နေ့မှာ ဖြည့်တင်းရမယ့် အတွေ့အကြုံဝမ်းစာတစ်ခုလို သူသဘောထားခဲ့သည်ပဲလေ။

အခုအချိန်မှာတော့ အရင်လို လက်ကမ်းစာစောင်ဝေစရာမလို။ Entertainment ရဲ့ official twitter ကနေ ကြေငြာလိုက်တာနဲ့ ထိုင်ခုံတွေကရောင်းမလောက်အောင်ကို ဖြစ်လာခဲ့ပြီ။ဒါကို အောင်မြင်မှုလို့ သတ်မှတ်ကြရင်လည်း အောင်မြင်တယ်ပေါ့။ဒါပေမယ့် သူတို့ကြိုးစားရဦးမည်။ဒါကိုတော့ သူဘယ်သောအခါမှ မေ့ပစ်လိုက်မည် မဟုတ်ပေ။

တည်းရမည့် ဟိုတယ် သို့ရောက်သောအခါ အခန်းတွေကို အဆင်ပြေသလို ခွဲလိုက်ကြပြီး ဖျော်​ဖြေပွဲလုပ်မည့် နေရာသို့ပြေးကြရသည်။လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ကာ Rehearsal လုပ်ကြရင်း ပင်ပန်းလို့ပင်ပန်းမှန်းမသိ။ Pratice make perfect ဆိုသည့်စကားအတိုင်း အကြိမ်ကြိမ်လေ့ကျင်ခဲ့ပြီးသော်ငြား အမှားတစ်စုံတစ်ရာ မဖြစ်ဖို့အရေး ကြိုးစားပြင်ဆင်ကြရသည်။

တကယ့်ဖျော်ဖြေရသည့်နေ့မှာတော့ သူတို့အားလုံးရင်တွေခုန်နေခဲ့ကြသည်။သိန်းနဲ့ချီသော ပရိသတ်ရှေ့မှောက် အခေါက်ခေါက်အခါခါ ဖျော်ဖြေဖူးသော်ငြား ဘယ်သောအခါမှ ရိုးသွားခြင်းမရှိသည့် ရင်ခုန်သံတွေဟာ စိတ်လှုပ်ရှားမှုကြောင့်လား အပျော်တွေကြောင့်လား တပ်အပ်မပြောနိုင်ပါ။

သူတို့ကလည်းအားသွန်ခွန်စိုက် ရေကုန်းရေခမ်းဖျော်ဖြေခဲ့ကြသလို LA ကပရိတ်သတ်ပေါင်းများစွာကလည်း မမောနိုင်မပန်းနိုင် အတူတူလိုက်ပါ ကခုန်ရင်း ရင်ခုန်သံတွေထပ်တူကျခဲ့သည်။

Coral Conflict  Where stories live. Discover now