တောက်လျောက်ဝင်နေသော miss call ပေါင်းများစွာကို ကြည့်ရင်း Jimin
ကြောင်အ နေသည်။
ဘယ်သူတွေခေါ်နေမှန်း မသိသလို
ဖုန်းကိုင်ဖို့သူသတ္တိလည်းသူ့မှာမရှိ....။Lee Han Chaw ၏ဖုန်းသည်
မရပ်မနားတမ်းအဆက်မပြတ်တုန်ခါနေ၏။ချမ်းသည်။အရိုးထဲထိစိမ့်နေအောင်ချမ်းသည်။ပြုတ်ကျသွားသောဓားကို
ကောက်ယူရင်း
သူဘာလုပ်လို့လုပ်ရမှန်းဝေခွဲမရပေ။Han Chaw Hyung တစ်ယောက်
အသက်မရူတော့။လှုပ်နှိုးလို့လည်းမရတော့။လည်တိုင်ဆီမှ သွေးတို့သည်
Jimin ခန္ဓာကိုယ်၌ပေကျံစွာ။ကိုယ်တိုင်ကားမောင်းပြီးဆေးရုံခေါ်သွားချင်
သော်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်။ကြွက်သားတွေနာလာသလို ကျောထဲကအောင့်မျက်လာသလိုခံစားနေရ၏။
ခြေထောက်အစုံဟာထုံကျဉ်ပြီးလှုပ်ရှား
မရပါ။ကြိုးစား၍ထရပ်ကြည့်သည်။သို့သော်
အချည်းအနှီးသာ။ခြေချောင်းထိပ်ကလေးတွေသည်ဆူးချွန်ချွန်ဖြင့်အထိုးခံထားရသလို
စစ်ကနဲ၊စစ်ကနဲနာနေသည်။သူ့လက်ထဲ၌ဖုန်းရှိနေသေးလျှင်အိမ်ကို
ဖုန်းဆက်လို့ရနိုင်သေး၏။
အခုတော့ဖြင့် သူဘာမှမတက်နိုင်ပါ။
Han Chaw Hyung ရဲ့ ဖုန်း
password ကိုသူမှမသိတာ။ဓားတစ်ချောင်းကိုင်၍ ငုပ်တုပ်ထိုင်ရင်းသူ့တစ်ယောက်တည်း
ဆောက်တည်ရာမရဖြစ်နေ၏။လူတစ်ယောက်လုံး လည်ပင်းကိုဓားနဲ့လှီးဖြတ်၍ ငြိမ်ကျသွားသော အချင်းအရာသည် သူ့အားခြောက်ခြားစေသည်။
တုန်လှူပ်စေသည်။
ဝမ်းနည်းအားငယ်စေတော့သည်။ဖျက်ကနဲ Screen ဆီမှမီးလင်းလာ၍ကြည့်လိုက်သော်
"Jin na " ဟုမှတ်ထားသော ဖုန်း.......။ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွင်ရောက်ရှိလာသော မီးအိမ်တစ်ခုလို......။
မုန်တိုင်းထန်နေသော ပင်လယ်ပြင်မှာခိုနားစရာကမ်းတွေ့လိုက်သလို.....။
ဖုန်းကိုင်ပြီး နားထောင်လိုက်သည်နှင့်
"အချိန်ပြည့်တော့မယ်နော် Han Chaw
မင်းစကားမင်းတည်ပါစေ"
YOU ARE READING
Coral Conflict