Part -5(Unicode)

1.7K 253 14
                                    

ဘယ်လိုရယ် .....ကိုရီးယားမြန်မာကပြား တစ်ယောက်တဲ့။ Hoseok ကလေ။
ကံကြမ္မာ အလှည့်အပြောင်းဟာ မထင်မှတ်
လောက်အောင်ဆန်းကြယ်လိုက်လေ​ခြင်း။

ထိုအကြောင်းကိုအခန်းဖော်ဖြစ်သည့်
Park jiminတစ်ယောက်သာအမှတ်မထင်
သိခဲ့ရပြီး Jung Hoseok ၏မိခင်ဟာ
မြန်မာအမျိုးသမီးတစ်ယောက်ဆိုတာကလွဲ
jiminကိုယ်တိုင်လည်းဘာမှပိုမသိခဲ့ရပေ။

သိဖို့လည်းမကြိုးစားခဲ့။
လူတိုင်းမှာပြောပြဖို့ခက်ခဲတဲ့ကိစ္စတွေရှိတက်ကြတာကိုနားလည်ထားသည်မို့
သူဘယ်တုန်းကမှမမေးမြန်းခဲ့။

Hyung အိမ်မက်ဆိုးတွေမက်တဲ့အခါ
Hyung ကုတင်ဘက်ကိုကူးသွားပြီး
လက်တွေကိုဆုပ်ကိုင်ထားပေးဖူးသည်။

Hyung ဘက်ကရင်ဖွင့်လာသည့်အခါမျိုး၊မိခင်ကိုလွမ်းဆွတ်ကြောင်းဝမ်းနည်းစွာပြောပြတက်သည့်အခါမျိုးတွေမှာ လေးလေးနက်နက်နားထောင်ပြီး သိသလောက်တက်သလောက်စကားတွေနှင့် Hyung စိတ်သက်သာရာရစေရန်အလို့ငှာသူကြိုးစားပေးခဲ့ဖူးသည်။

ဒီလောက်ပါပဲ ။
တစ်ချို့သောချစ်ခြင်းမေတ္တာတွေဟာ
စိမ်းစိမ်းကားကားနွေးထွေးပေးလိုက်မှ
တစ်ဖတ် သားအတွက်အဆင်ပြေတာမျိုးလေ။

Hyung ပြောပြချင်တာတွေရှိရင်ပြောပြလို့ရပါတယ်ဆိုတော့ Hoseok Hyung ဟာ
Jimin စိတ်ညစ်နေပါ့မယ်လို့ဆိုတယ်။

ကျွန်တော်စိတ်မညစ်ပါဘူး Hyung ရယ်လို့
လမ်းဖွင့်ပေးပေမယ့် Hyung ကတော့ သူ့အနာတွေကိုဘယ်တုန်းကမှ ချမပြခဲ့ပါ။

အခုနောက်ပိုင်းတွေဆိုပိုဆိုးသည်။
တစ်နှစ်လောက်နေမှ တစ်ခါပြောပြလေ့ရှိ
တဲ့ Hyungမေမေရဲ့အကြောင်းတွေပါ
အစအနပျောက်သွားခဲ့လေ၏။

အဲ့ဒီကတည်းကHyung ရဲ့ပုဂ္ဂိုလ်ရေးကိုသူဘက်ကအတင်းကာရောမစွက်ဖက်လိုတော့ပြီ
ဟုသာ သူကောက်ချက်ချမိသည်။

"ဒါဆို Hobi က သူ့မေမေရဲ့တိုင်းပြည်ကိုသွားရမှာမို့စိတ်လှုပ်ရှားနေတာများလား"

Kim Namjoon၏ စကားကို Kim TaeHyng ခေါင်းယမ်းသည်။

" စိတ်လှုပ်ရှားတာထက်ပိုနေတယ်နော်။ Hobi Hyung ပုံစံက
စိတ်ရှုပ်ထွေးပြီးကြောက်နေသလိုမျိုးပဲ"

Coral Conflict  Where stories live. Discover now