ဂျပန် နိုင်ငံ တိုကျိူည။
"Hyung လာတော့လို့
ကျွန်တော်အိပ်ချင်နေပြီဗျ''"အိပ်ချင်အိပ်နှင့်လေ kookie ရယ်''
"Hyung လာမှပါဆို။ အခုလာမှာလား။ ကျွန်တော် လာပွေ့ရမှာလား။
ကြိုက်တာရွေးလိုက်''"Yarrr Jeon Jungkook ဂျစ်တိုက်နေရအောင် မင်းက ကလေးလား။
ဘာကြိုက်တာမှလည်း မရွေးနိုင်ဘူး။
ဘယ်တစ်ခုကိုမှလည်း ကြိုက်မနေဘူး သဘောပေါက်''"Hyung နော်''
ဝိုင်သောက်ကာရစ်မူးမူးဖြစ်နေသည့် အရသာလေးသည် Jeon jungkook ၏
ဂျီကျမှုကြောင့် ကြက်ပျောက် ငှက်ပျောက်။
မလာမချင်း ဂျစ်တိုက်နေမည့် အရိပ်အယောင်တွေမြင်နေရတာမို့
သောက်လက်စကို စားပွဲပေါ်ချလိုက်ပြီး
ကုတင်ဘေးက လွတ်နေသော
နေရာသို့ဝင်လှဲလိုက်ရသည်။"အိပ်တော့ Jungkook ah Goodnight''
သူဝင်လာလှဲမှ မျက်လုံးလေးတွေမှိတ်ကျသွားသည့်ကလေးငယ်ကို ဆံပင်လေးတွေသပ်တင်ပေးရင်းက နှုတ်ဆက်လိုက်ပြီးနောက် ကျောပေး၍ အိပ်စက်ဖို့ ပြင်လိုက်သည်။
"Hyung ဒီဘက်နည်းနည်းတိုး''
ပြောလည်းပြော လက်ရောခြေရောကို
ခွလျက် ရင်ခွင်ထဲဆွဲသွင်းနေပြန်သည်။ကျပ်ကျပ်တည်းတည်း ဖြစ်နေသော အနေအထားကိုပင် သူ နည်းနည်းလေးမှ
နေရခက်တာမျိုး မဖြစ်။ဒီရင်ခွင်ငယ်လေးသည် သူ့အတွက် ဘယ်သောအခါမှ စိမ်းသက်နေတာမျိုးမရှိခဲ့ဘဲ နေသားတကျ။ကလေးငယ်၏ ရင်ခွင်သည် jimin အတွက် အစဥ်အမြဲအေးချမ်းရာလေး မဟုတ်ပေမယ့် ထာဝရနွေးထွေးရာလေးတော့ ဖြစ်နှင့်နေခဲ့ပါသည်။အမှန်ပါ။ထုထည် ၁၅၀၀ ရှိသော မေတ္တာမျိုးသည် ၅၂၈ မေတ္တာတွေလောက်တော့ အေးချမ်းနေမှာမဟုတ်။အချစ်တွေ၊
သံယောဇဥ်တွေနဲ့ ရစ်ဖွဲ့ချည်နှောင်ထားသော ဆက်ဆံရေးမျိုးတွင် သဝန်တို အူပုတ်ရသော အခိုက်အတန့်တွေရှိစမြဲမို့ jimin နဲ့ Jungkook ကြားတွင်လည်း တစ်ခါတစ်ရံ စစ်ပွဲသေးသေးလေးတွေတော့ ဖြစ်နေကျ။သို့သော် ထိုကလေးငယ်နှင့်ပတ်သက်လာလျှင် ပူလောင်မှုတွေကိုပင် သူ တရှိုက်မက်မက် မြတ်နိုးရပါသည်။ဒါဆို ကလေးငယ်ကရော ဘယ်လို သဘောထားရှိနေပါသနည်း။သဘာဝမဆန်သော်လည်း မေတ္တာတွေဟာ စစ်မှန်ခဲ့ကြောင်းကိုတော့ ကလေးငယ် နားလည်လောက်ပါ၏။
YOU ARE READING
Coral Conflict